စစ်ကောင်စီက ဘွဲ့ချီးမြှင့်သည့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ ဝေဖန်ခံနေရ

စစ်ကောင်စီက ဘွဲ့ချီးမြှင့်သည့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ ဝေဖန်ခံနေရ

နိုဝင်ဘာလ ၁၉ ရက်

စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့များ ၊ တံဆိပ်များ ချီးမြှင့်အပ်နှံသည့် စာရင်းများ ထွက်ပေါ်လာရာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ခြောက်ဦး၏ အမည်များလည်း ပါဝင်လာခဲ့ပြီးနောက် ခရစ်ယာန်အသိုင်းအဝိုင်းအတွင် ဝေဖန်မှုများရှိ နေကြောင်းသိရသည်။

နိုဝင်ဘာလ ၁၇ရက်နေ့က အာဏာသိမ်းစစ်ကောင်စီမှ ၎င်း၏ လက်အောက်ခံ ဝန်ကြီးများ ၊ ဝန်ထမ်းများနှင့် ပတ်သက်ဆက်နွယ်သူများကို ဘွဲ့များချီးမြှင့်ရာတွင် အဆိုပါ ဆရာတော်ကြီးများ ပါဝင်လာကြောင်းသိရသည်။

သီရိပျံချီ ဘွဲ့အပ်နှင်းခံရသည့် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များမှာ စတီဗင် ဦးသန်းမြင့်ဦး (ဥက္ကဋ္ဌ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ) ၊ သိက္ခာတော်ရ ဒေါက်တာ စောဆမ်ဆန်(ဥက္ကဋ္ဌ မြန်မာနိုင်ငံ ခရစ်ယာန်နှစ်ချင်း အသင်းချုပ်)၊ ကာဒီနယ်ချားလ်ဘို (ဥက္ကဋ္ဌ ပြည်ထောင်စု မြန်မာနိုင်ငံတော် ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်) ၊ ဒေါက်တာသာဉာဏ် (ဥက္ကဋ္ဌ ရန်ကုန် ကလျာဏယုဝ ခရစ်ယာန်အသင်း) ဦးမြတ်ဆန်း (ဂိုဏ်းချုပ်ဆရာတော်ကြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် မက်သဒစ်အသင်းတော်) (အောက်မြန်မာပြည်) ၊ သိက္ခာတော်ရ ဒေါက်တာအေးမင်း ၊ (ဥက္ကဋ္ဌ မြန်မာနိုင်ငံ ဧဝဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်) တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

“ဆရာတော်ကြီးတွေကို ခရစ်ယာန်အသိုင်းအဝိုင်းထဲမှာ ဝေဖန်ပြစ်တင်နေကြတယ် ၊ အခုဘွဲ့ချီးမြှင့်ခံရတဲ့သူတွေက မြန်မာနိုင်ငံခရစ်ယာန်လောက မှာ အတိုင်းအတာ တစ်ခုထိပေါက်ရောက်ကျတဲ့သူတွေဆိုတော့ အသုံးချခံတာရလား ၊ငြင်းဆန်လို့မရ တာလား ၊ တချို့ကအလိုတူအလိုအပါဖြစ်နေလား စသဖြင့် အမျိုးမျိုးပြော ဆိုနေကြတယ်” ဟု ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောသည်။

စစ်ကောင်စီက သူ့လူတွေနဲ့ရောပြီး လူအများလေးစားတဲ့ ဘာသာရေးခေါင်းဆောင်တွေကို သူတို့ကို ထောက်ခံနေသယောင် ဝါဒဖြန့်ချိတာဖြစ်နိုင်သလို တချို့ကိုလည်း ထောက်ခံလာအောင် ဘွဲ့နဲ့မက်လုံးပေးစည်းရုံးမှုဖြစ်နိုင်ကြောင်း အခြား ခရစ်ယာန်ဘာသာဝင်တစ်ဦးမှ သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ သန်းခေါင်စရင်းအရ ခရစ်ယာန်ဘာသာ ကိုးကွယ်သူမှာ နိုင်ငံလူဦးရေ၏ ၆ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly