ဥရောပက တရုတ်အပေါ်အလွန်အမင်း မှီခိုအားထားမှုကို ရှောင်ရှားသင့်ကြောင်း အီးယူအကြီးအကဲ ပြောကြား

ဥရောပက တရုတ်အပေါ်အလွန်အမင်း မှီခိုအားထားမှုကို ရှောင်ရှားသင့်ကြောင်း အီးယူအကြီးအကဲ ပြောကြား

ဥရောပသည် တရုတ်နှင့် ထိတွေ့ဆက်ဆံမည်ဖြစ်သော်လည်း ဆန်းသစ်တီထွင်သောနည်းပညာကဲ့သို့သော ကဏ္ဍများအတွက် တရုတ်ကို အလွန်အမင်းမှီခိုမှုမဖြစ်စေရေးအတွက် ဆက်ဆံရေးကို ပြန်လည်ချိန်ညှိရန် လိုအပ်သည်ဟု ဥရောပကောင်စီဥက္ကဋ္ဌ ချားမိုက်ကယ်က နိုဝင်ဘာ ၁၅ရက်တွင် ပြောကြားလိုက်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်တို့ နိုဝင်ဘာ ၁၄ရက်က တွေ့ဆုံမှုသည် အရေး ကြီးပြီး အကွက်ဆင်ထားသည့် ပဋိပက္ခမဟုတ်ဘဲ အပြုသဘောဆောင်သည့် ပြိုင်ဆိုင်မှုအတွက် ရွေးချယ်မှုရှိ ကြောင်း မိုက်ကယ်က ပြောကြားခဲ့သည်။

နှစ်ဖက် သဘောထားကွဲလွဲမှုများရှိနေသော်လည်း ဥရောပသည် တရုတ်နှင့် ထိတွေ့ဆက်ဆံရမည်ဖြစ်ပြီး၊ အပြန်အလှန်နားထောင်ရန်၊ ပိုမိုကောင်းမွန်သော နားလည်မှုရရှိရန် အရေးကြီးကြောင်း ဂျီ-၂၀ ခေါင်းဆောင် များ၏ ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်မီ သတင်းစာရှင်းလင်းပွဲတွင် မိုက်ကယ်က ပြောကြားခဲ့သည်။

ရုရှား၏ ရုပ်ကြွင်းလောင်စာများကို အလွန်အမင်း မှီခိုအားထားခြင်းကဲ့သို့သော အလားတူ အမှားများ ကို ဥရောပက ရှောင်ရှားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ဒီနေ့လိုအပ်နေတဲ့ ဆန်းသစ်တီထွင်တဲ့နည်းပညာနဲ့ ပတ်သက်ပြီး တရုတ်ကို သိပ်အားမကိုးချင် ပါဘူး။ ဒါက အနာဂတ်မှာ ပိုလိုအပ်လာပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

"ဒါကြောင့် ဆက်ဆံရေးပြန်လည်ဟန်ချက်ညီဖို့ အရေးကြီးသလို တရုတ်အစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ အရေးကြီးပါတယ်။"

ခေါင်းဆောင်များအကြား သဘောတူညီချက်တစ်ရပ်ရရန် စိန်ခေါ်မှုများရှိသော်လည်း စစ်ပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်နှင့် စားနပ်ရိက္ခာ အကျပ်အတည်းကို ဖြစ်ပေါ်စေသည့်အတွက် ရုရှားအား အဖွဲ့ဝင်များအားလုံးက ပိုမိုဖိအားပေးစေရန် ဂျီ-၂၀ အစည်းအဝေးကို အသုံးပြုရန် ဥရောပက ကြိုးပမ်းရမည်ဟု မိုက်ကယ်က ပြောကြား ခဲ့သည်။

ယူကရိန်းစစ်ပွဲအကြောင်း ဖော်ပြချက်အပါအဝင် ရုရှားနှင့် အခြားအဖွဲ့ဝင်များအကြား ဘာသာစကားဆိုင်ရာ သဘောထားကွဲလွဲမှုကြောင့် ဂျီ-၂၀ ဝန်ကြီးများအစည်းအဝေးများတွင် ပူးတွဲကြေညာချက်များ မထုတ်ပြန် နိုင်ခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required