ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ်က ဆန္ဒပြသူများ၏ ရိုက်နှက်ခံခဲ့ရသည့် တရုတ်သတင်းထောက်သေဆုံး

By Straits Times
18 November 2022
ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ်က ဆန္ဒပြသူများ၏ ရိုက်နှက်ခံခဲ့ရသည့် တရုတ်သတင်းထောက်သေဆုံး

ဟောင်ကောင်လေဆိပ်၌ ၂၀၁၉ ခုနှစ် အဓိကရုဏ်းဖြစ်စဉ်က ဆန္ဒပြသူများ၏ ရိုက်နှက်မှုကို ခံခဲ့ရပြီးနောက် လူသိများလာသော တရုတ်ပြည်မကြီးမှ သတင်းထောက်ဟောင်းသည် သေဆုံးသွားပြီဖြစ်သည်။

ဖူဂေါင်ဟောင်သည် စိတ်ကျရောဂါခံစားရပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် အသက် ၃၀ အရွယ်၌ ကွယ်လွန်သွားခဲ့ကြောင်း ဖခင်ဖြစ်သူ ဖူကျန်းရွှေက Twitter ကဲ့သို့ ပလက်ဖောင်းတစ်ခုဖြစ်သည့် Toutiao တွင် နိုဝင်ဘာ ၁၇ ရက်က ထုတ်ဖော်ပြောဆိုခဲ့သည်ဟု South China Morning Post (SCMP) က ဖော်ပြသည်။ နိုင်ငံ့အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားနေရသောကြောင့် သတင်းထုတ်ပြန်ရန် နှောင့်နှေးခဲ့ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

အစိုးရဆန့်ကျင့်ဆန္ဒပြမှုများအရှိန်မြင့်ခဲ့သည့် ၂၀၁၉ ခုနှစ်က လေဆိပ်ကို ဟောင်ကောင်ဆန္ဒပြသူများက စီးနင်းထားစဉ် ဖူဂေါင်ဟောင်သည် တိုက်ခိုက် ထိန်းသိမ်းခံရပြီး လူသိများလာသူဖြစ်သည်။

ဆန္ဒပြသူအဖြစ် အသွင်ယူခဲ့သော သတင်းထောက်ကို ဟောင်ကောင်ဆန္ဒပြသူများက ရှန်ကျန်းမှ လုံခြုံရေးရဲဟု သံသယရှိခဲ့ကြသည်။ ‘ကျွန်တော်က တရုတ်ရဲပါ’ ဟူသော စာကိုလည်း ၎င်း၏ရင်ဘတ်တွင် ကပ်ခဲ့ကြသည်။

ထိုဖြစ်ရပ်မှ သံသယရှိသူ ၃ ဦးကို အဓိကရုဏ်းဖြစ်စေမှုနှင့် ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် အပြစ်ရှိကြောင်း ခုနှစ် ဇန်နဝါရီလတွင် ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၅ နှစ်နှင့် ၆ လအထိ ချမှတ်ခဲ့သည်ဟု SCMP က ဖော်ပြသည်။

ထိုသို့တိုက်ခိုက်ရမှုနှင့် တခြားသောအကြောင်းအရာများက သားဖြစ်သူ၏စိတ်ကျန်းမာရေးအပေါ် ဆက်တိုက်ဆိုသလို ထိခိုက်စေခဲ့ကြောင်း ဖခင်က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required