အနာဂတ်အလင်းတန်းများအဖွဲ့က “ အရှည် ၅ လက် ကမ်ပိန်း” အတွက် ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်းသို့ ကျပ်သိန်း ၁၀၀ လှူဒါန်း

အနာဂတ်အလင်းတန်းများအဖွဲ့က “ အရှည် ၅ လက် ကမ်ပိန်း” အတွက် ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်းသို့ ကျပ်သိန်း ၁၀၀ လှူဒါန်း

မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အခြေစိုက် ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်းမှ “အရှည် ၅ လက် (သိန်း၇၅၀) ကမ်ပိန်း” ပြုလုပ်လျက်ရှိရာ LIGHTS OF THE FUTURE Group (အနာဂတ်အလင်းတန်းများအဖွဲ့) က မြန်မာကျပ်ငွေ သိန်း ၁၀၀ လှူဒါန်းခဲ့ ကြောင်းသိရသည်။

အဆိုပါအဖွဲ့သည် ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်းအတွက် အရှည် ငါး လက် ဝယ်ယူရန် မြန်မာကျပ်ငွေ သိန်း ၁၀၀ ကို ထောက်ပံ့ပေးခဲ့ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထုတ်ပြန်ကြေညာထားသည်။

''စစ်ကောင်စီမကျမရှုံးမချင်း LIGHTS OF THE FUTURE – Group (အနာဂတ်အလင်းတန်းများအဖွဲ့)က ဘယ်တော့မှ သွေးအေးသွားမှာ မဟုတ်ပါဘူး။ မြေပြင်အထိ ရောက်အောင် အမြဲတမ်း ထောက်ပို့သွားပါမယ်'' ဟု အဖွဲ့တာဝန်ခံ မပန်းငယ်ငယ်က မဇ္ဈိမကိုပြောသည်။

LIGHTS OF THE FUTURE –Group (အနာဂတ်အလင်းတန်းများအဖွဲ့) သည် အာဏာရှင်စနစ်တော်လှန်ရေးကာလ တစ်နှစ်ကျော်လာသည့်တိုင် ယနေ့အထိ တော်လှန်ရေးတပ်ဖွဲ့ (UG ၊ LPDF ၊ PDF) များထံ စဉ်ဆက်မပြတ် ထောက်ပံ့ လှူဒါန်းလာခဲ့ကြောင်း အနာဂတ်အလင်းတန်းများအဖွဲ့က ဆိုသည်။

LIGHTS OF THE FUTURE - Group (အနာဂတ်အလင်းတန်းများအဖွဲ့)သည် ၎င်းတို့ထံသို့ လာရောက်လှူဒါန်းခဲ့ကြသည့် အလှူရှင်များ၏ လှူဒါန်းငွေများကို မြေပြင် တော်လှန်ရေးတပ်ဖွဲ့များထံ တိုက်ရိုက် ပေးပို့ကာ ထောက်ပံ့ပေးလျက်ရှိသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required