ပါကစ္စတန် PTI ပါတီက ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကိစ္စ အမှုဖွင့်ရန် တရားရုံးချုပ်ထံ တင်ပြမည်

ပါကစ္စတန် PTI ပါတီက ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကိစ္စ အမှုဖွင့်ရန် တရားရုံးချုပ်ထံ တင်ပြမည်

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကို လုပ်ကြံရန် ကြိုးပမ်းမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပထမသတင်းပေးတိုင်ချက် (FIR) ဖွင့်ရန် ၎င်း၏ ပါတီဖြစ်သည့် တေရက်-အီ-အင်ဆက်ဖ် (PTI) အနေဖြင့် နိုင်ငံတော်တရားရုံးချုပ်ထံ ချဉ်းကပ်တင်ပြမည် ဖြစ်ကြောင်း The Nation က ဖော်ပြသည်။

ပါတီမှ အထက်လွှတ်တော်အမတ်များ၊ အမျိုးသားလွှတ်တော်အမတ်များနှင့် ပြည်နယ်လွှတ်တော်အမတ်များသည် FIR ဖွင့်ရေး တောင်းဆိုရင်း တရားရုံးချုပ်ထံ ချဉ်းကပ်သွားမည် ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းသည် PTI ပါတီ၏ အစည်းအဝေးတစ်ခုကို ကြီးမှူးပြုလုပ်ခဲ့သည်။ လွှတ်တော်များကို ဖျက်သိမ်းပြီး ပြည်နယ် ၄ ခုစလုံးတွင် ရွေးကောက်ပွဲများ ဆောလျင်စွာ ကျင်းပရေး ထိုအစည်းအဝေးက တောင်းဆိုခဲ့သည်။

အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းကိစ္စများထဲတွင် PTI ပါတီ ခရီးဝေးချီတက်မှု၏ ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်များနှင့် နိုင်ငံ၏ အလုံးစုံ နိုင်ငံရေးအခြေအနေတို့ ပါဝင်ကြောင်း The Nation က ဖော်ပြသည်။

ထို အစည်းအဝေးတွင် တက်ရောက်ခဲ့ကြသူများထဲတွင် ဖက်ဒရယ်အစိုးရ ဝန်ကြီးဟောင်းများဖြစ်ကြသည့် ရှား မာမွတ် ကူရီရှီး၊ အာဆတ်ဒ် အူမာ၊ ဖာဝက်ဒ် ချောက်ဟ်ရီ၊ အထက်လွှတ်တော်အမတ် အာဇမ် ဆွာတီ၊ အူမာ အာယွတ်ဘ်၊ ဒေါက်တာ ယက်စ်မင် ရာရှစ်ဒ်၊ မီအန် အစ္စလမ် အစ်ခ်ဘဲလ်၊ ဟမ်မက်ဒ် အက်ဇာ၊ အီဂျာ့ဇ် ချောက်ဟ်ရီ၊ ရှာဖ်ကတ် မာမွတ်နှင့် အခြားပါတီခေါင်းဆောင်တချို့တို့ ပါဝင်ကြောင်း The Nation က ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly