အိန္ဒိယ ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ပါကစ္စတန်ဘက်မှ ဝင်လာသော အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့များ နှိမ်နင်းနေရ

By Latestly
17 November 2022
အိန္ဒိယ ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ပါကစ္စတန်ဘက်မှ ဝင်လာသော အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့များ နှိမ်နင်းနေရ

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေတွင် လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးများကို ပုံမှန် လုပ်ဆောင်နေရသည်။ ဂျမူးနှင့် ကက်ရှ်မီးယားတွင် ကသောင်းကနင်း ဖြစ်စေရန်နှင့် အကြောက်တရားများ ပေါ်ပေါက်စေရန် အကြံအစည်ဖြင့် ပါကစ္စတန်ဘက်မှ ဝင်လာသော အကြမ်းဖက်သမားများကို အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်နှိမ်နင်းနေရသည်။

အဆိုပါ အကြမ်းဖက်သမားများသည် ပါကစ္စတန်တွင် လေ့ကျင့်သင်ကြားမှု၊ ငွေကြေးထောက်ပံ့မှု၊ လက်နက်တပ်ဆင်မှုတို့ကို ရရှိပြီး အစွန်းရောက်ဝါဒ သွတ်သွင်းခြင်း ခံထားရသူများ ဖြစ်သည်။ ပါကစ္စတန်သည် မကြာသေးခင်က နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ မီးခိုးရောင် စောင့်ကြည့်စာရင်းမှ ဖယ်ရှားခံထားရပြီးနောက် သက်သာရာရထားခဲ့သည်။

နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့သည် အစောပိုင်းက ပါကစ္စတန်ကို မီးခိုးရောင် စောင့်ကြည့်စာရင်းတွင် ထည့်သွင်းပြီး အဆိုပါနိုင်ငံ ရရှိနိုင်မည့် အရင်းအမြစ်များကို ကန့်သတ်ထားခဲ့သည်။ ပါကစ္စတန်က ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်ထားရာတွင် မကြာခဏဆိုသလို ထိုငွေကြေးများက နိုင်ငံအတွင်းရှိ အကြမ်းဖက်သမားများ၏ လက်ထဲသို့ ရောက်သွားသည်ကို တွေ့ရှိထားခဲ့သည်။

ပါကစ္စတန်သည် အချက် ၃၄ ခု ပါ သတ်မှတ်ထားသော အရေးယူဆောင်ရွက်မှု အစီအစဉ်ကို အပြည့်အဝ ပြီးမြောက်လုပ်ဆောင်ထားခဲ့ကြောင်း FATF အဖွဲ့က ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် ၂ ရက်တာ မျက်နှာစုံညီ အစည်းအဝေးတွင် ကြေညာခဲ့သည်။

သို့သော် ယင်းသည် ပါကစ္စတန်က အောင်မြင်စွာ အပြီးသတ်ထားခဲ့သည့် ကိန်းဂဏန်း စာရင်းဇယားဆိုင်ရာ ဗျူရိုကရက်တစ် လုပ်ဆောင်ချက်တစ်ခုမျှသာ ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

“ခင်ဗျားအနေနဲ့ လုပ်ရမယ့် စာရင်းတစ်ခုမှာ တစ်ခုချင်း အမှတ်ခြစ်မယ်ဆိုရင် ဒါက ကိန်းဂဏန်းဆိုင်ရာ ဗျူရိုကရက်တစ် လုပ်ဆောင်မှုတွေထဲက တစ်ခုပဲ ဖြစ်တယ်။ ခင်ဗျား ဘာလုပ်ထားတယ် ဆိုတာက အရေးမပါပါဘူး။ ခင်ဗျားဟာ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအပေါ် တစ်နည်းတစ်ဖုံ ထိန်းချုပ်ခဲ့တယ် ဆိုတာလောက်ကိုပဲ ပြသတာပါ။ ဒါကြောင့် ခင်ဗျား စာရင်းကနေ ဖယ်ရှားခံရတာပေါ့။ ဒီနေရာမှာ ကျွန်တော်တို့ သိရမှာက ပါကစ္စတန်ဟာ တူညီတဲ့ အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု အခြားအစားထိုး လမ်းကြောင်းတချို့ကို ရှာလိမ့်မယ်ဆိုတာပါပဲ” ဟု ကာကွယ်ရေး သုတေသီတစ်ဦးဖြစ်သည့် အဘ်ဟီဂျစ် အီယာ မစ်ထရာက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required