မြောက်ကိုရီးယား၏ လုပ်ရပ်များသည် အမေရိကန်၏ စစ်တပ်များ ပိုမို ရှိနေစေရန် တွန်းအားဖြစ်စေနိုင်ကြောင်း တရုတ်သမ္မတအား အမေရိကန် သတိပေး

မြောက်ကိုရီးယား၏ လုပ်ရပ်များသည် အမေရိကန်၏ စစ်တပ်များ ပိုမို ရှိနေစေရန် တွန်းအားဖြစ်စေနိုင်ကြောင်း တရုတ်သမ္မတအား အမေရိကန် သတိပေး

မြောက်ကိုရီးယား၏ လက်နက်များခေတ်မီရေးဆက်လက် ကြိုးပမ်းမှုသည် ဒေသတွင်းတွင် အမေရိကန်၏ စစ်အင်အား တိုးမြှင့်တည်ရှိစေနိုင်ကြာင်း နိုဝင်ဘာ ၇ရက် အစည်းအဝေးတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က တရုတ်သမ္မတ ရှီကျင့်ဖျင်အား သတိပေးပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၁၇ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီယားဗုံးစမ်းသပ်မှုကို ပြန်လည် စတင် ရန် စီစဉ်နေခြင်းအပေါ် အမေရိကန်က စိုးရိမ်နေပြီး တရုတ်နှင့် ရုရှားတို့က ယင်းသို့မလုပ်ဆောင်ရန် ဖြောင်းဖြ နိုင်မည်ဟု ယုံကြည်နေသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ပြုလုပ်မည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၏ ပူးတွဲအစည်းအဝေးများတွင် အမေရိကန်နှင့် တရုတ်ခေါင်းဆောင်များ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံရန် စီစဉ်ထားသည်။

မြောက်ကိုရီးယားသည် အမေရိကန်နှင့် ယင်း၏ မဟာမိတ် တောင်ကိုရီးယားနှင့် ဂျပန်ကိုသာမက ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကိုပါ ထိခိုက်စေကြောင်း ဘိုင်ဒင်က ရှီအား ပြောကြားမည်ဖြစ်ကြောင်း အိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောကြားခဲ့သည်။

“မြောက်ကိုရီးယားက ဒီလမ်းအတိုင်း ဆက်သွားနေမယ်ဆိုရင် ဒေသတွင်းမှာ အမေရိကန်ရဲ့ စစ်ရေးနဲ့ လုံခြုံရေး ကို ပိုမိုတိုးမြှင့်လာပါမယ်” ဟု ဘိုင်ဒင်က သီတင်းပတ်ကုန်က ဒေသတွင်း အစည်းအဝေးများအတွက် ကမ္ဘော ဒီးယားသို့ လာရောက်စဉ် နိုဝင်ဘာ ၁၂ရက်က Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များ အား ပြောကြားခဲ့သည်။

“ဒါကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြောက်ကိုရီးယားရဲ့ အဆိုးဆုံးရပ်တည်ချက်ကို တားမြစ်ဖို့ အပြု သဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်စေချင်ပါတယ်” ဟု ဆူလီဗန်က တရုတ်၏ တရားဝင်အမည် ကို အသုံးပြု၍ ပြောကြားခဲ့သည်။

အမေရိကန်ဦးဆောင်သော နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများက မြောက်ကိုရီးယား၏ ကြီးထွားလာသော လက်နက်အစီအစဉ်များကို ရပ်တန့်ရန် ပျက်ကွက်ခဲ့သည်။

၂၀၂၂ခုနှစ်အတွင်း ယင်း၏ စံချိန်တင်လက်နက်စမ်းသပ်မှုတွင် အမေရိကန်ကုန်းမကြီးသို့ ရောက်ရှိရန် ဒီဇိုင်းထုတ်ထားသည့် တိုက်ချင်းပစ်ဒုံးကျည်များ ပါဝင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required