တရုတ်က ထိုင်ဝမ်ကို လတ်တလော ကျူးကျော်ရန် မဖြစ်နိုင်ကြောင်း တရုတ်ခေါင်းဆောင်နှင့် တွေ့ဆုံအပြီးတွင် အမေရိကန်သမ္မတ ပြောကြား

By Fox News
17 November 2022
တရုတ်က ထိုင်ဝမ်ကို လတ်တလော ကျူးကျော်ရန် မဖြစ်နိုင်ကြောင်း တရုတ်ခေါင်းဆောင်နှင့် တွေ့ဆုံအပြီးတွင် အမေရိကန်သမ္မတ ပြောကြား

တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ရန် လတ်တလော မဖြစ်နိုင်ကြောင်း တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံအပြီးတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတင်းထောက်များကို နိုဝင်ဘာ ၁၄ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နှင့် စစ်အေးတိုက်ပွဲသစ်ကို ရှောင်ရှားနိုင်ရန်နှင့် ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြောင်း ပြောကြားနေသည့် တရုတ်က ထိုင်ဝမ်ကို ကျူးကျာ်ဝင်ရောက်နိုင်ခြေနှင့် ပတ်သက်သည့် မေးခွန်းကို ပြန် ဖြေကြားရာတွင် ဘိုင်ဒင်က ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

“စစ်အေးတိုက်ပွဲသစ် ဖြစ်ဖို့ မလိုဘူးလို့ ကျွန်တော် လုံးဝယုံကြည်ပါတယ်” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

"ရှီကျင့်ဖျင်နဲ့ ကျွန်တော် ကြိမ်ဖန်များစွာ တွေ့ဆုံဖူးပြီး ဆွေးနွေးမှုတွေမှာ အချင်းချင်း ပြတ်ပြတ်သားသား ရှင်း ရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ထိုင်ဝမ်ကို ကျူးကျော်ဖို့ တရုတ်ဘက်က လတ်တလော ကြိုးပမ်းတာမျိုးတော့ မတွေ့ရပါဘူး"

"ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒက လုံးဝ မပြောင်းလဲဘူးဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဒါက လက်ရှိအနေအထားပါပဲ" ဟု ဘိုင်ဒင်က ဆက်လက် ပြောကြားခဲ့သည်။

"ကုန်သွယ်မှုပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းလိုကြောင်းကိုလဲ ကျွန်တော်ရှင်းရှင်းလင်းလင်း ပြောထား ပါတယ်"

"ကျွန်တော်ပြောနေတာကို ရှီက အတိအကျ နားလည်ပြီး သူပြောနေတာကို သူနားလည်တယ် ဆိုတာယုံကြည် ပါတယ်" ဟု အစည်းအဝေးမှ ထွက်ခွာပြီးနောက် ဘိုင်ဒင်က ပြောကြားခဲ့သည်။

"ကမ္ဘာတစ်ဝန်းက ပြောင်းလဲနေတဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ စီးပွားရေးအရရော နိုင်ငံရေးအရပါ အမေရိကန်က တခြားနိုင်ငံတွေထက် ပိုမို ပြင်ဆင်ထားပါတယ်" ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required