ထိုင်ဝမ်က တရုတ်နှင့် စစ်တိုက်ရန် အသင့်ဖြစ်နေကြောင်း စင်ကာပို့စ်သတင်းစာ ဖော်ပြ

ထိုင်ဝမ်က တရုတ်နှင့် စစ်တိုက်ရန် အသင့်ဖြစ်နေကြောင်း စင်ကာပို့စ်သတင်းစာ ဖော်ပြ

တရုတ်သည် ထိုင်ဝမ်ကို ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရေး ရည်မှန်းထားသည်နှင့်အညီ ထိုင်ဝမ်အနီးတွင် စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်နေစဉ်မှာ ထိုင်ဝမ်ကလည်း အလားအလာရှိသော စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ရာတွင် မိမိကိုယ်ကိုခုခံကာကွယ်ရန်နှင့်လေ့ကျင့်ရန် ခိုင်မာသောခြေလှမ်းများကို စတင်လုပ်ဆောင်ခဲ့သည်ဟု The Singapore Post က ဖော်ပြသည်။

ထိုင်ဝမ်သည် တရုတ်၏ ရည်ရွယ်ချက်အမှန်ကို နားလည်သဘောပေါက်ထားသည့်အတွက် စစ်ရေးပြင်ဆင် မှုများကို စတင်ခဲ့သည်။ နိုဝင်ဘာ ၁၃ ရက် အစောပိုင်းက ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က ထိုင်ဝမ်သည် ၎င်းပြည်သူ များ ပိုင်ဆိုင်ကြောင်းနှင့် ထိုင်ဝမ်၏တည်ရှိမှုသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရန်စခြင်း မဟုတ်ကြောင်း တရုတ်အား သတိပေးခဲ့သည်။

ထိုင်ဝမ်သည် တိုက်လေယာဉ်များနှင့် ရေတပ်သင်္ဘောများကဲ့သို့သော စစ်ဘက်ဆိုင်ရာ ပလက်ဖောင်းကြီးများနှင့် စနစ်များကို ဝယ်ယူမှုမှ သင်္ဘောဖျက်ဒုံးကျည်နှင့် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ စသည့် ပိုမိုသေးငယ်သော အရာများ ဝယ်ယူမှုသို့ ပြောင်းလဲခဲ့သည်ဟု ပြည်တွင်းမီဒီယာကို ကိုးကား၍ The Singapore Post က ဖော်ပြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်ပွဲပြင်ဆင်ရေးကို အာရုံစိုက်ရန် ၎င်း၏စစ်တပ်ကို မှာကြားထားသကဲ့သို့ ထိုင်ဝမ်ခေါင်းဆောင်ကလည်း သူမသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာအောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ရှီ၏ တစ်နိုင်ငံ စနစ် ၂ မျိုး အဆိုပြုချက်ကို အလျှော့ပေးမည်မဟုတ်ကြောင်းနှင့် သူမ၏တာဝန်မှာ ထိုင်ဝမ်ကို ၎င်းနိုင်ငံသားများ ဆက်လက်ပိုင်ဆိုင်စေရန်ဖြစ်ကြောင်း ပြောသည်။

မူဝါဒဆိုင်ရာ အမေရိကန်ကာကွယ်ရေး ဒုဝန်ကြီး ကောလင်းခါးလ်က ထိုင်ဝမ်၏ ဒီမိုကရေစီကို တိုက်ခိုက်မှုသည် အချိန်မရွေး ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

“ရှီက သူ့ရဲ့စစ်တပ်ကို ဒီဆယ်စုနှစ်အကုန် ၂၀၂၇ ခုနှစ်လောက်မှာ စွမ်းရည်တွေပြည့်ဝအောင်လုပ်ဖို့ အသေအချာ တာဝန်ပေးခဲ့တယ်” ဟု ကောလင်းခါးလ်က နိုဝင်ဘာ ၄ ရက်တွင် ပြောသည်။

ထိုင်ဝမ်သည် ယခုအခါ အမေရိကန်ထံမှ မောင်းသူမဲ့လေယာဉ်များကို ဝယ်ယူနေပြီး ယင်းလက်နက်၏ အစွမ်းထက်မှုကို ရုရှား-ယူကရိန်းစစ်ပွဲတွင် ပြသလျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly