တနင်္သာရီမြို့ ထုံတော်ကျေးရွာတိုက်ပွဲတွင် PDF ရဲဘော် ၂ ဦး ကျဆုံးဟု ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်

By ကိုရွှေမြိတ်
18 November 2022
တနင်္သာရီမြို့ ထုံတော်ကျေးရွာတိုက်ပွဲတွင် PDF ရဲဘော် ၂ ဦး ကျဆုံးဟု ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်

နိုဝင်ဘာ ၁၈

မဇ္ဈိမ။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ထုံတော်ကျေးရွာတွင် စစ်ကောင်စီနှင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုကြောင့် PDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နိုဝင်ဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ကျဆုံးခဲ့သော ရဲဘော် နှစ်ဦးမှာ မြိတ်ခရိုင် တပ်ရင်း (၂) တပ်ခွဲ (၁) မှ ဒု-တပ်စိတ်မှူး ပျံလွှားနှင့် ဒု-တပ်စိပ်မှူး လူတော်တို့ နှစ်ဦး ဖြစ်ပြီး၊ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက“ ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့တာနဲ့ ပတ်သက်ပြီး အများကြီး စိတ်မကောင်း ဖြစ်ရပါတယ်၊ အများကြီး နစ်နာခံစိတ်ရှိတဲ့လူတွေဖြစ်လို့ တန်ဖိုး မဖြတ်နိုင်တဲ့ ရဲဘော် နှစ်ဦးဆုံးရှုံးလိုက်ရပါတယ်”ဟု ပြောသည်။

တနင်္သာရီမြို့နယ်၌ လက်တလောတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်လည်း ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

လက်ရှိတွင် တိုက်ပွဲကြောင့် ကျေးရွာတချို့လည်း ဒေသခံ ပြည်သူများ ဘေးလွတ်ရာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

#တနင်္သာရီမြို့နယ်

#စစ်ဘေးရှောင်

#PDF

#ထုံတော်ကျေးရွာတိုက်ပွဲ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly