ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၄၆ဦး ပြန်လည် လွတ်မြောက်

ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၄၆ဦး ပြန်လည် လွတ်မြောက်

နိုဝင်ဘာလ ၁၇ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအနက် ၄၆ဦးမှာ ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၄၃ဦးနှင့် အကျဉ်းသူ သုံးဦးကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများတွင် ပုသိမ်မြို့အခြေစိုက် မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းနှင့် ပုသိမ်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် ကာကွယ်ရေးအဖွဲ့ (HRWD) ဒါရိုက်တာ ဦးမြင့်နိုင်တို့ နှစ်ဦးပါဝင်လာကြောင်း ပြန်လည်လွတ်မြောက်လာသူတစ်ဦးထံက သိရသည်။

"ကိုရဲရင့်ထွန်းနဲ့ ကိုမြင့်နိုင်တို့နှစ်ယောက်တော့ ပြန်လွတ်တယ်။ဧရာဝတီတိုင်းမ် သတင်းဌာနက ကိုမျိုးမင်းထွန်းတော့ ပြန်လွတ်မလာသေးဘူး" ဟု ပုသိမ်အကျဉ်း ထောင်မှ ပြန်လည် လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့သူများမှာ လွတ်ရက်နီးကပ်နေပြီဖြစ်သည့် ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲ အကျဉ်းချခံထားရသော နိုင်ငံရေးအကျဉ်းသားများဖြစ်သည်ဟု လွတ်မြောက်လာသူ၏ ပြောကြားချက်အရသိရသည်။

လက်ရှိတွင် ပုသိမ်အကျဉ်းထောင်၌ အခြားအမှုများဖြင့်ဖမ်းဆီး အကျဉ်းချခံထားရသူများကို ပြန်လွှတ်ပေးရန် ကျန်ရှိနေသေးကြောင်းသိရပြီး အကျဉ်းသားများ၏ မိ သားစုဝင်တချို့ဆက်လက်စောင့်ဆိုင်းလျက်ရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဉ်းထောင်၌ မတရားဖမ်းဆီးခံထား ရသည့် နိုင်ငံရေးအကျဉ်းသား ၄၀၀ နီးပါးရှိနေသည်ဟုသိရပြီး လက်ရှိတွင် နိုင်ငံရေး အကျဉ်းသား ၃၅၀ ခန့်မှာ စစ်ကောင်စီ၏ ဆက်လက်ဖမ်းဆီးခြင်းခံထားရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly