မတ္တရာမြို့နယ် တောင်ပြုန်းရွာက ပျူခေါင်းဆောင်ဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး

မတ္တရာမြို့နယ် တောင်ပြုန်းရွာက ပျူခေါင်းဆောင်ဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး

မဇ္ဈိမ(မန္တလေး)။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းရွာက ပျူခေါင်းဆောင် ဘူကြီးဆိုသူကို၊ ယနေ့နံနက်ပိုင်းတွင် ပြောက်ကျားတပ်ဖွဲ့များပူးပေါင်း၍ သေနတ်ဖြင့် ပစ်ခတ်လိုက်ရာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီအထောက်အပံ့ဖြင့် ပြည်သူကိုအနိုင်ကျင့် သောင်းကျန်းနေခြင်းကြောင့် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုသိမ်ကြီး-ပကဖ)က သတင်းထုတ်ပြန်သည်။

ယနေ့မနက် ၇ နာရီခွဲအချိန်ခန့်တွင် ပုသိမ်ကြီး-ပကဖညီနောင်နှင့်အတူ၊ G-6 Stars မြို့ပြပြောက်ကျားညီနောင်တို့ပူးပေါင်း၍ တောင်ပြုန်းရွာ ပျူဒလန်ခေါင်းဆောင် ဘူကြီးဆိုသူအား တောင်ပြုန်းသံလမ်းထိပ် အနီးတွင် ကျည်တစ်ထောင်ဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းထံမှ လက်လုပ်ပစ္စတိုသေနတ် တစ်လက်နှင့်အတူ ရဲလုပ်ငန်းသုံးပစ္စည်းတချို့ကို သိမ်းဆည်းရမိလိုက်ကြောင်းလည်း ပုသိမ်ကြီး-ပကဖ ကဆိုသည်။

ပုံစာ - အသတ်ခံရသူထံမှ သိမ်းဆည်းရမိသည့်ပစ္စည်းများ

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required