စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်မှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် ပါဝင်

By ကိုရွှေမြိတ်
17 November 2022
စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်မှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် ပါဝင်

နိုဝင်ဘာ ၁၇

မဇ္ဈိမ။ ။အကျဥ်းသား ၆,၀၀၀ နီးပါးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် စစ်ကောင်စီက ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ကြေညာထားသည့် အထဲတွင် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် လည်း ပြန်လည်လွတ်မြောက်လာကြောင်း စစ်ကောင်စီခန့် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက မဇ္ဈိမကို အတည်ပြုပြောဆိုထားသည်။

“ဟုတ်ပါတယ်၊ ဒေါ်လဲ့လဲ့မော် လွတ်ပေးတာ အတည်ပြုပါတယ်၊ ကျွန်တော်တို့ တိုင်းထဲမှာ အားလုံးပေါင်း ၁၀၅ ဦး လွတ်ငြိမ်းနဲ့ လွတ်ပေးခဲ့ပါတယ်”ဟု ပြောသည်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်သည် NLD အစိုးရ လက်ထက်တွင် အဂတိမှုနှင့် နှစ်ရှည်ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံထားရသူ တစ်ဦးလည်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဝန်ကြီးချုပ်ဟောင်း

#တနင်္သာရီတိုင်း

#ပြစ်ဒဏ်လွတ်ငြိမ်းခွင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required