စစ်ကောင်စီက ရွေးကောက်ပွဲလမ်းကြောင်းကိုအရောင်တင်ရန် အကျဉ်းသားများ ပြန်လွှတ်ပေးခြင်းဟု NUG လူ့အခွင့်အရေးဝန်ကြီး ပြော

စစ်ကောင်စီက ရွေးကောက်ပွဲလမ်းကြောင်းကိုအရောင်တင်ရန် အကျဉ်းသားများ ပြန်လွှတ်ပေးခြင်းဟု NUG လူ့အခွင့်အရေးဝန်ကြီး ပြော

နိုဝင်ဘာ ၁၇

စစ်ကောင်စီက ရွေးကောက်ပွဲလမ်းကြောင်းကိုအရောင်တင်ရန် အကျဉ်းသားများ ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

" ရွေးကောက်ပွဲလမ်းကြောင်းကို အရောင်တင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးတဲ့အတွက် လွတ်လာတဲ့ သူများအတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်စရာ တစက်မှ မရှိဘူး" ဟု ဦးအောင်မျိုးမင်းက ပြောသည်။

စစ်ကောင်စီက ပြန်လွှတ်ပေးသော်လည်း ထပ်မံကျူးလွန်ပါက ပြစ်ဒဏ်ပေါင်းခံရမည်ဆိုသည့်အချက်နှင့် မည်သည့်အထောက်အထားမျှမရှိဘဲ မတရားအမှုဆင်နေသည့် အခြေအနေကိုလည်း မမေ့သင့်ကြောင်း လူ့အခွင့်အရေးဝန်ကြီးက ထောက်ပြသည်။

" တော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်မယ့် ရဲဘော်ရဲမေတွေမို့လို့ နှောင်ကြိုးနဲ့ ထိမ်းချုပ်တာတွေကို အသိတရားနဲ့ယှဉ်ပြီး ဆက်လက်တိုက်ပွဲဝင်သွားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်" ဟု ဦးအောင်မျိုးမင်းက ပြောသည်။

စစ်ကောင်စီက အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၅၇၇၄ ဦးကို ပြန်လွှတ်ပေးကြောင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required