အီဂျစ် ရာသီဥတု ညီလာခံတွင် ပါဝင်ကိုယ်စားပြုခွင့်မရမှုအပေါ် အာဖဂန်တာလီဘန်တို့ ဝေဖန်

By Dailyhunt
16 November 2022
အီဂျစ် ရာသီဥတု ညီလာခံတွင် ပါဝင်ကိုယ်စားပြုခွင့်မရမှုအပေါ် အာဖဂန်တာလီဘန်တို့ ဝေဖန်

အီဂျစ်နိုင်ငံတွင် ကျင်းပခဲ့သည့် COP27 ရာသီဥတု ညီလာခံတွင် အာဖဂန်နစ္စတန် ကိုယ်စားပြု ပါဝင်ခွင့် မရရှိခဲ့ခြင်းအပေါ် အာဖဂန်နစ္စတန်၏ နိုင်ငံတော် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီ (NEPA) က ဝေဖန်လိုက်သည်။

ရာသီဥတု ညီလာခံတွင် အာဖဂန်နစ္စတန်မှ တရားဝင် ကိုယ်စားလှယ် တက်ရောက်နိုင်ခြင်း မရှိမှုအပေါ် NEPA ၏ ခေတ္တအကြီးအကဲ ဟာဖစ် အာဇစ် ရာမန်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မေးခွန်းထုတ်ခဲ့ကြောင်း TOLO News က ဖော်ပြသည်။

အာဖဂန်နစ္စတန်သည် နှစ် ၂၀ ကျော်ကြာအတွင်း အဆိုးဆုံးသော မိုးခေါင်မှုကို ကြုံတွေ့နေရကြောင်း ဟာဖစ် အာဇစ် ရာမန်က ပြောသည်။

အထူးသဖြင့် အာဖဂန်နစ္စတန် အပါအဝင် ကမ္ဘာတစ်ဝန်း၌ ရာသီဥတု ပြောင်းလဲမှုနှင့် ကမ္ဘာကြီး ပူနွေးလာမှုတို့က အကြီးမားဆုံးသော သဘာဝပတ်ဝန်းကျင် စိန်ခေါ်မှုတစ်ခု ဖြစ်သည်ဟု ရာမန်က ပြောကြောင်း TOLO News က ကိုးကား ဖော်ပြသည်။

အီဂျစ်နိုင်ငံတွင် ကျင်းပခဲ့သည့် COP27 ညီလာခံတွင် အာဖဂန်နစ္စတန်အနေဖြင့် တရားဝင်ကိုယ်စားပြု ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required