ပါကစ္စတန် ဂီဂစ် ဘောလ်တီစတန်တွင် မိန်းကလေးစာသင်ကျောင်း မီးရှို့တိုက်ခိုက်ခံရမှုအပေါ် လူ့အခွင့်အရေးအဖွဲ့ ရှုတ်ချ

By Daily Hunt
16 November 2022
ပါကစ္စတန် ဂီဂစ် ဘောလ်တီစတန်တွင် မိန်းကလေးစာသင်ကျောင်း မီးရှို့တိုက်ခိုက်ခံရမှုအပေါ် လူ့အခွင့်အရေးအဖွဲ့ ရှုတ်ချ

ပါကစ္စတန်နိုင်ငံ ဂီဂစ် ဘောလ်တီစတန်ပြည်နယ် ဒီယာမာခရိုင်တွင် မကြာသေးခင်က မိန်းကလေး စာသင်ကျောင်း တစ်ကျောင်း မီးရှို့တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တစ်ခုနှင့်ပတ်သက်ပြီး ထိတ်လန့်တုန်လှုပ်ရကြောင်း ပါကစ္စတန် လူ့အခွင့်အရေးကော်မရှင် (HRCP) က နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ဖော်လိုက်သည်။

ဂီဂစ် ဘောလ်တီစတန်ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်အတွင်း ကလေးများ၏ ပညာသင်ယူခွင့်ကို အသေအချာ ကာကွယ်ပေးနိုင်ရေး လုပ်ဆောင်ရန် HRCP က ထုတ်ပြန်ချက်တစ်ရပ်တွင် တိုက်တွန်းခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဆမ်မီဂဲလ် ပိန်း အရပ်ဧရိယာတွင် နေထိုင်သည့် လူဦးရေ ၇၀၀၀ ခန့် ရှိပြီး မီးရှို့တိုက်ခိုက်ခံရသည့် စာသင်ကျောင်းသည် အဆိုပါ ဒေသခံတို့အတွက် တစ်ခုတည်းသော မိန်းကလေး စာသင်ကျောင်း ဖြစ်သည်။ ထိုကျောင်းတွင် မိန်းကလေး ၆၈ ယောက် တက်ရောက်သင်ယူနေခဲ့ကြောင်း တိုင်းရင်းမီဒီယာက ဖော်ပြသည်။

လက်ရှိအချိန်အထိ ထို တိုက်ခိုက်မှုဖြစ်စဉ်အတွက် မည်သည့်အဖွဲ့အုပ်စုကမှ တာဝန်ခံ ထုတ်ဖော်ခြင်း မရှိသေးပေ။

အစ္စလမ္မစ်များသည် ၎င်းတို့ မည်သည့်ဂိုဏ်းခွဲမှ ဖြစ်စေ၊ ဂီဂစ် ဘောလ်တီစတန်၌ မိန်းကလေးများကို ပညာသင်ယူခွင့်ပေးမှုအပေါ် အပြင်းအထန် ဆန့်ကျင်ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required