၂၀၂၁ခုနှစ် ဟောင်ကောင်ရွေးကောက်ပွဲတွင် သပိတ်မှောက်ရန် တောင်းဆိုခြင်းကို ပြန်လည်ဖော်ပြမှုဖြင့် လူ ၄ ဦးကို တရားစွဲ

၂၀၂၁ခုနှစ် ဟောင်ကောင်ရွေးကောက်ပွဲတွင် သပိတ်မှောက်ရန် တောင်းဆိုခြင်းကို ပြန်လည်ဖော်ပြမှုဖြင့် လူ ၄ ဦးကို တရားစွဲ

ဟောင်ကောင် ၂၀၂၁ ခုနှစ် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲတွင် မဲဗလာထည့်ရန် သို့မဟုတ် မဲမထည့်ရန် လူမှုမီဒီယာတွင် ယင်းအကြောင်းအရာများကို ပြန်လည်ဖော်ပြသည်ဟု စွပ်စွဲကာ လူ ၄ ဦးကို တရားစွဲဆို လိုက်ကြောင်း Hong Kong Free Press (HKFP) က ဖော်ပြလိုက်သည်။

ဟောင်ကောင်အဂတိလိုက်စားမှု တိုက်ဖျက်ရေး စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် လွတ်လပ်သော အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မရှင် (ICAC) က အကြောအဆစ်ကုထုံးဆရာ ဝမ်ချီယန်၊ ဂရပ်ဖစ်ဒီဇိုင်နာ ဝူဟုန်ကီ၊ ငွေကြေး ရောင်းဝယ်သူ ခေါ့ကင်ချူနှင့် မာဘယ်ယစ်တို့ကို ဆိုရှယ်မီဒီယာတွင် ဒီမိုကရေစီရေးလှုပ်ရှားသူများက လူများ အား မဲမပေးရန် သို့မဟုတ် ပယ်မဲဖြစ်အောင်လုပ်ရန် တောင်းဆိုသည့် ရေးသားချက်များကို ပြန်လည်ဖော်ပြခြင်း အတွက် စွဲချက်တင်ခဲ့သည်။

"ရွေးကောက်ပွဲကာလအတွင်း အခြားသူတစ်ဦးအား မဲမပေးရန် သို့မဟုတ် ပယ်မဲဖြစ်အောင်လုပ်ရန် လှုံ့ဆော် သည့် တရားမဝင်သော အပြုအမူများအတွက် တစ်ဦးချင်းစီသည် ရွေးကောက်ပွဲဆိုင်ရာ (အကျင့်ပျက်ခြစား မှုနှင့် တရားမဝင်သော အပြုအမှု) ဥပဒေ(ECICO) ၏ ပုဒ်မ ၂၇က (၁) ကို ချိုးဖောက်ခဲ့သည်” ဟု ICAC မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သံသယရှိသူ ၄ ဦးကို ICAC က အာမခံဖြင့် လွှတ်ပေးခဲ့ပြီး နိုဝင်ဘာ ၁၁ရက်တွင် တရားရုံးသို့ ဆင့်ခေါ်ခဲ့သည်။

စွပ်စွဲခံရသူ ၄ ဦးစလုံးသည် ယခင်က လွှတ်တော်အမတ် တက်ဟွေ၊ ခရိုင်ကောင်စီဝင်ဟောင်း ယမန်ချန်နှင့် တက်ကြွလှုပ်ရှားသူ ဆန်နီချန်တို့က ရေးသားခဲ့သည်များကို ပြန်လည်မျှဝေခြင်း သို့မဟုတ် ပြန်လည် တင်ခြင်းဖြစ်သည်ဟု HKFP က ဖော်ပြခဲ့သည်။

တက်ကြွလှုပ်ရှားသူ ၃ ဦးစလုံးသည် ဟောင်ကောင်တွင် မရှိတော့ပဲ ဟွေးက သြစတြေးလျ၊ ၊ ယက ဗြိတိန်နှင့် ချန်က အမေရိကန်သို့ ထွက်ခွာသွားကြပြီး ဟောင်ကောင်အစိုးရက ၃ ဦးစလုံးကို ဖမ်းဝရမ်းထုတ်ထားသည်။

ယခင် ထုတ်ပြန်ချက်များနှင့် သတင်းအစီရင်ခံချက်များအရ တက်ကြွလှုပ်ရှားသူများ၏ ရေးသားချက်ကို ပြန်လည်ဖော်ပြသဖြင့် လူတစ်ဒါဇင်ကျော် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့တွင် ခရိုင်ကောင်စီဝင်ဟောင်းများနှင့် ကျောင်းသားခေါင်းဆောင်များ ပါဝင်သည်။

၂၀၂၁ခုနှစ် မတ်လတွင် တရုတ်အစိုးရက ဟောင်ကောင်ကို မျိုးချစ်များက အုပ်ချုပ်ရန် ဥပဒေပြဋ္ဌာန်းခဲ့သည်။ ယင်းလုပ်ရပ်ကြောင့် ဥပဒေပြုလွှတ်တော်တွင် ဒီမိုကရေစီကိုယ်စားလှယ်များလျော့နည်းသွားကာ ရွေးကောက်ပွဲ များကို ထိန်းချုပ်မှု တင်းကျပ်လာပြီး ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရန် တရုတ်အစိုးရကို ထောက်ခံသည့် စိစစ်ရေးအဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required