ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်လေယာဉ် ၃၆ စင်းနှင့် သင်္ဘော ၃ စင်း တွေ့ရှိ

ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်လေယာဉ် ၃၆ စင်းနှင့် သင်္ဘော ၃ စင်း တွေ့ရှိ

ထိုင်ဝမ်အနီးတစ်ဝိုက်တွင် တရုတ်စစ်တပ် လေယာဉ် ၃၆ စင်းနှင့် ရေတပ်သင်္ဘော ၃ စင်းကို နိုဝင်ဘာ ၁၂ရက်က တွေ့ရှိခဲ့သည်။

ထိုင်ဝမ်စစ်တပ်က အခြေအနေကို စောင့်ကြည့်ခဲ့ပြီး တိုက်ပွဲဝင်ကင်းလှည့်ခြင်း၊ ရေတပ်သင်္ဘောများနှင့် မြေပြင် အခြေစိုက်ဒုံးကျည်စနစ်များအသင့်ပြင်ခြင်းဖြင့် အဆိုပါ လှုပ်ရှားမှုများကို တုံ့ပြန်ခဲ့သည်။

# ထိုင်ဝမ်စစ်တပ်က အခြေအနေကို စောင့်ကြည့်ခဲ့ပြီး တိုက်ပွဲဝင်ကင်းလှည့်ခြင်း၊ ရေတပ်သင်္ဘောများနှင့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များအသင့်ပြင်ခြင်းဖြင့် လေယာဉ်များဖြင့် အဆိုပါလုပ်ဆောင်မှုများကို တုံ့ပြန် ခဲ့သည်" ဟု ထိုင်ဝမ်အမျိုးသား ကာကွယ် ရေးဝန်ကြီးဌာနက တွစ်တာတွင် ရေးသားခဲ့သည်။

နိုင်ငံ၏ "လုံခြုံရေးသည် ပိုမိုမတည်မငြိမ်မှုနှင့် မသေမချာမရေရာမှုများကြောင့် စစ်ရေးလေ့ကျင့်မှုကို ခိုင်မာ အား ကောင်းစေပြီး မည်သည့်စစ်ပွဲအတွက်မဆို ပြင်ဆင်ထားရမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းနေချိန်တွင် ယခုကဲ့သို့ ကျူးကျော်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

"စစ်တပ်တစ်ခုလုံးသည် ယင်း၏ စွမ်းအင်အားလုံးကို ထုတ်သုံးပြီး တိုက်ပွဲဝင်မှု အဆင်သင့်ဖြစ်ရန်၊ စွမ်းဆောင် ရည်ကို မြှင့်တင်ပြီး တိုက်ပွဲဝင်အောင်နိုင်သင့်သည်" ဟု နိုင်ငံပိုင် မီဒီယာတစ်ခုဖြစ်သည့် ဆင်ဟွာက ရှီကို ကိုးကား ၍ ဖော်ပြခဲ့သည်။

တရုတ်ခေါင်းဆောင်က နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်ရန်၊ ပါတီနှင့် ပြည်သူများက အပ်နှင်းထားသော လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် ညွှန်ကြားခဲ့ကြောင်း Sky News Australia က ဖော်ပြခဲ့သည်။

တရုတ်က ကျူးကျော်မည်ဟု ထပ်ခါတလဲလဲ ပြောကြားနေသည့်အတိုင်း အမှန်တကယ်ကျူးကျော်တိုက်ခိုက်လာ မည်ကို ထိုင်ဝမ်သမ္မတက စိုးရိမ်နေကြောင်း RT သတင်းဌာနက ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required