မြောင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိ

မြောင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိ

မဇ်ဈိမ။ ။ 

စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ်အတွင်း ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်‌ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ပရိမ္မကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက်  နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပုလဲကျေးရွာသို့ ထွက်ခွာလာစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

"ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရထားပါတယ်။မစိုးရိမ်ရပါဘူး "ဟုMyingyan Ranger(မြင်းခြံခရိုင် တပ်ရင်း-၂) တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲကို PDF Taloke(မြင်းခြံခရိုင်တပ်ရင်း )၊MGN21 (မြင်းခြံခရိုင်တပ်ရင်း-၂)၊Burmese Guerrilla Force(Myingyan )၊People Defence Force Mandalay -MDY PDF (မန္တလေးခရိုင်တပ်ရင်း-၃)၊Black Wolf  People Defence Force(မန္တလေးခရိုင်တပ်ရင်း-၃)၊CDSOM တောင်ပိုင်း ဗိုလ်ကျားသစ်အဖွဲ့၊CDSOM အနောက်ပိုင်း တိုက်ခိုက်ရေးအဖွဲ့၊Shwe-Ao Revolution Force နှင့် Justice Revolution Force-Myaungတပ်ဖွဲ့တို့က ပူး‌ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း  မြောင်မြို့နယ်၊မြစ်သာကျေးရွာကို  မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် မြစ်ဆုံကျေးရွာသို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပထမအကြိမ်ထိတွေ့တ်ိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ထိခိုက်မှု အသေးစိတ်ကို မသိရသေးကြောင်း Myingyan Ranger(မြင်းခြံခရိုင် တပ်ရင်း-၂)က ပြောသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး 

#စစ်ကိုင်းတိုင်း
#မြောင်မြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required