တမူးမြို့နယ်တွင် စစ်ကောင်စီတပ်မှ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်သဖြင့် PDF စခန်း ၆ ခု ဆုံးရှုံး

တမူးမြို့နယ်တွင် စစ်ကောင်စီတပ်မှ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်သဖြင့် PDF စခန်း ၆ ခု ဆုံးရှုံး

မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်တိုက် ခိုက်ခဲ့သဖြင့် ကာကွယ်ရေးတပ်ဖွဲ့စခန်းခြောက်ခု ဆုံရှုံးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှသိရ သည်။

နိုဝင်ဘာလ ၁၅ ရက် ညနေ ၄ နာရီခန့်အချိန်တွင် စစ်ကောင်စီတပ်၊ ပျူစောထီး၊ ကသဲ (အိန္ဒိယကိုတိုက် ခိုက်နေသောမဏိပူရလက်နက်ကိုင်အဖွဲ့)နှင့် စစ်ကောင်စီ၏လက်ဝေခံ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ ပါဝင် သော အင်အား ၄၀၀ ကျော်ခန့်သည့် စစ်ကြောင်းလေးကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“အဓိက ကတော့ လူအင်အား၊ လက်နက်အင်အား အလွန်အကျွံအသုံးပြုပြီး ထိုးစစ်ဆင်လာတဲ့အခါ ကျနော်တို့ဘက်က ရင်ဆိုင်ခုခံဖို့ဖြစ်နိုင်တော့တဲ့အတွက် စခန်းတွေကို စွန့်လွှတ်ခဲ့ရတာပါ” ဟု PDF – Tamu တပ်ရင်း(၄)ခေါင်းဆောင်ဗိုလ်ခန့်က မဇ္စျိမကိုပြောသည်။

စစ်ကောင်စီပူးပေါင်းစစ်ကြောင်းသည် လက်နက်ကြီးများဖြစ်သော ၄၀ မမ ၊ ၆၀ မမ ၊ ၁၂၀ မမ တို့အပြင် စက်သေနတ်များဖြင့်ပစ်ခတ်ခဲ့ပြီး Fighter Police CDM – Tamu စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ လက်နက်အင်အားမမျှသဖြင့် ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

ထို့နောက် Freedom Rangers–Tamu (FRT)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ဗမာကျောင်းသားအဖွဲ့ (BSO) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် PDF – Tamu တပ်ရင်း (၄) စခန်းများ ဆက်လက်တိုက်ခိုက်ခံရပြီး စွန့်လွှတ်ခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

စခန်းများလက်လွှတ်လိုက်ရသည့်အပြင် လက်နက်အချို့နှင့် အဝတ်အစား၊ စားနပ်ရိက္ခာများဆုံးရှုံးခဲ့ရပြီး အသေးစိတ်အခြေအနေကို မဇ္စျိမအနေဖြင့် သိရခြင်းမရှိသေးပေ။

“စစ်ကောင်စီတပ်က သတင်းအတိအကျတွေရထားတဲ့အပြင် အိန္ဒိယနဲ့ပါ တစုံတရာ နားလည်ညှိနှိုင်း သဘောတူထားတယ်လို့ ထင်တယ်။ သူ့ပယောဂမကင်းဘူးလို့ ပြောလို့ရတယ်”ဟု တမူးမြို့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးမှ မဇ္စျိမကို သုံးသပ်ပြော ဆိုသည်။

အိန္ဒိယနိုင်ငံမှတဆင့်ပေးပို့သည့် စစ်ရေးလေ့ကျင့်မှုပစ္စည်းများ တမူးမြို့မှ သယ်ဆောင်သည့်နေ့နှင့် မိုးရေး မြို့ကို မြန်မာနိုင်ငံသားများ သုံးလအဝင်အထွက်မပြုလုပ်ရန် အမိန့်ထုတ်ပြန်ခြင်းများ ရက်တိုက်ဆိုင်နေ ကြောင်းသိရသည်။

၎င်းအပြင် တိုက်ပွဲများဖြစ်ပွားနေချိန်တွင် အိန္ဒိယနိုင်ငံအတွင်းရှိ စစ်တပ်စခန်းအနီး လက်နက်ကြီး ကျည်ဆံများ ကျရောက်ပေါက်ကွဲခဲ့သော်လည်း တုန့်ပြန်မှုတစုံတရာမပြုဘဲ သာအမန်အခြေမျိုးကဲ့သို့ နေထိုင်ခြင်းများသည် ကြိုတင်ညှိနှိုင်းပြီး စနစ်တကျပြင်ဆင်ထားသော အခြေအနေများဖြစ်ပြီး သီခြား အတည်မပြု နိုင်သေးသောသတင်းများအရ နှစ်နိုင်ငံစစ်ဖက်အကြီးအကဲများ မကြာသေးမီက တံခါးပိတ် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း အဆိုပါကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။

နိုဝင်ဘာလ ၁၆ ရက် ယနေ့ နံနက်ပိုင်းသိရသောသတင်းများအရ အိန္ဒိယနိုင်ငံဖက်မှတင်ပို့ခဲ့သော စစ်လက်နက်ပစ္စည်းများသည် စစ်ကောင်စီမှချောဆွဲထားသော ၁၂ ဘီးကား၊ သဲကျောက်သယ်သည့်ကား နှင့် စစ်ကားများဖြင့် ကလေးမြို့ဘက်သို့ ဆက်လက်သယ်ဆောင်နေကြောင်း သိရသည်၊

၎င်းအပြင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တမူးမြို့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)၊ တပ်ရင်း (၃) နှင့် Special Task Force တပ်ဖွဲ့များအကြားစစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲများဖြစ်ပွားနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှသိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီအချိန်က တမူးမြို့တွင် စစ်အသုံးအဆောင်ပစ္စည်းများသယ်ယူမည့် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့နှင့် တမူးမြို့ ကာကွယ်ရေးပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတစ်ဦးကျဆုံးကာ သုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required