ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ နေအိမ်များအား စစ်ကောင်စီက ကျူးကျော်ဟုဆိုကာ ဖယ်ရှားရှင်းလင်း

ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ နေအိမ်များအား စစ်ကောင်စီက ကျူးကျော်ဟုဆိုကာ ဖယ်ရှားရှင်းလင်း

နိုဝင်ဘာ ၁၆

မန္တလေး(မဇ္ဈိမ)။ ။ မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ ဇီးအုပ်ကွက်သစ်(ဋ)ရပ်ကွက်၊ လမ်း ၁၃၀ အရှေ့ဘက်ခြမ်းရှိ လူနေအိမ်များကို စစ်ကောင်စီက ကျူးကျော်ဟုဆိုကာ နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဖယ်ရှားရှင်းလင်းလျက်ရှိ ကြောင်းသိရသည်။

စစ်ကောင်စီသည် လူအင်အား ၊ စက်ယန္တရားအင်အားများသုံးကာ ရုတ်တရတ် ဝင်ရောက်လာခြင်းဖြစ်၍ အဆိုပါရပ်ကွက်တွင် နေထိုင်သူများမှာ အခက်အခဲများ ဖြစ်နေကြရကြောင်း ဒေသခံများထံက သိရသည်။

"မနေ့ကတော့ရပ်ကွက်ထဲမှာ ပတ်အော်သွားတယ်။ ဖျက်မယ်ပေါ့။ ဘယ်အိမ်တွေ ဖျက်မယ်ဆိုတာမပါတော့ အခြေအနေစောင့်ကြည့်တာပေ့ါ။ ဒီမနက်လည်းကျရော စစ်သား(စစ်ကောင်စီတပ်သား)တွေရော စစ်ဝတ်စုံနဲ့ မဟုတ်ဘဲ သေနတ်ကိုင် ထားတဲ့ ကောင်တွေရော ဘူဒိုဇာတွေနဲ့ရောက်လာတယ်။ အခုအကုန်ဒုက္ခရောက်ကုန်ပြီ" ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါနေအိမ်များသည် ဦးသိန်းစိန်အစိုးရလက်ထက်က အရပ်ကတိစာချုပ်ဖြင့် အဆင့်ဆင့်လွှဲပြောင်းဝယ် ယူခဲ့ကြသည့်မြေနေရာများဖြစ်ပြီး NLD အစိုးရ လက်ထက်တွင် ရောင်းမှားဝယ်မှားနေရာများအဖြစ် ပြန်လည်နေရာချထားပေးရန် စီစဉ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်၍ မန္တလေးမြို့သစ်(ပြည်ကြီးတံခွန်နှင့်ချမ်းမြသာစည်မြို့နယ်အတွင်း)ရှိ ရပ်ကွက်တချို့အား ကျူးကျော်ဟုဆိုကာ အင်အားသုံးဖယ်ရှား ရှင်းလင်းလျက်ရှိသည်။

စာတည်း။ ။မောင်ကောင်း

#မန္တလေးတိုင်း

#ပြည်ကြီးတံခွန်

#စစ်ကောင်စီ

#ကျူးကျော်

#ရှင်းလင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly