လုပ်ငန်းများအား တရုတ်မှ ရုပ်သိမ်းခြင်းကို ကန့်ကွက်ကြောင်း ဂျာမန်စီးပွားရေးခေါင်းဆောင်များ သတိပေး

By ABC
16 November 2022
လုပ်ငန်းများအား တရုတ်မှ ရုပ်သိမ်းခြင်းကို ကန့်ကွက်ကြောင်း ဂျာမန်စီးပွားရေးခေါင်းဆောင်များ သတိပေး

တရုတ်နှင့် ဆက်ဆံရေးကို ပြန်လည်ဆန်းစစ်ခြင်းသည် ဂျာမနီအတွက် မှန်ကန်ကြောင်း နားလည်လက်ခံသော် လည်း လုပ်ငန်းများအား တရုတ်မှ ရုပ်သိမ်းလိုက်ခြင်းအား လက်မခံကြောင်း ဂျာမန်ထိပ်တန်း စီးပွားရေးအမှုဆောင်အဖွဲ့တစ်ဖွဲ့က သတိပေးလိုက်သည်။

ဂျာမနီက တရုတ်နှင့် အနာဂတ်စီးပွားရေးနှင့် နိုင်ငံရေးဆက်ဆံရေးကို ကိုင်တွယ်ဖြေရှင်းချိန်တွင် Frankfurter Allgemeine Zeitung သတင်းဝက်ဘ်ဆိုက်တွင် နိုဝင်ဘာ ၄ရက်က အမှုဆောင်အရာရှိချုပ် ၈ ဦး၏ ဆောင်းပါး တစ်ပုဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ဆောင်းပါးအားရေးသူများတွင် စက်မှုလုပ်ငန်းစု Siemens၊ ဓာတုပစ္စည်းများထုတ်လုပ်သည့် BASF၊ နည်းပညာကုမ္ပဏီ Bosch၊ မော်တော်ယာဉ်ပစ္စည်းရောင်းချသူ Schaeffler နှင့် Hamburg ဆိပ်ကမ်းတို့၏ အမှုဆောင်အရာရှိချုပ် များပါဝင်သည်။

တရုတ်နှင့် ကမ္ဘာတစ်ဝန်းရှိ ဂျာမန်ကုမ္ပဏီများသည် ယှဉ်ပြိုင်နိုင်စွမ်းကို သိသိသာသာ အထောက်အကူ ဖြစ်စေ ကြောင်းနှင့် တရုတ်က ကမ္ဘာ့ဒုတိယအကြီးဆုံးနှင့် အတက်ကြွဆုံး ဈေးကွက်ဖြစ်လာသောကြောင့်“ ဂျာမန် စီးပွားရေး အင်အားအတွက် မိမိတို့၏ တည်ရှိမှုသည် အထူးအရေးကြီးသည် ” ဟု ၎င်းတို့က ဖော်ပြခဲ့သည်။

ဂျာမနီတွင် အလုပ်အကိုင်များရရှိရေး၊ အခြားဈေးကွက်များတွင် ပိုမိုမြန်ဆန်စွာ ဈေးကွက်ချဲ့ထွင်ရန်နှင့် အောင်မြင်မှုရရှိရန် အခွင့်အလမ်းကို တရုတ်ဈေးကွက်၏ အလားအလာက အကူအညီပေးသည်ဟု စာရေးသူ များက စောဒကတက်ခဲ့သည်။

တရုတ်၏ ရန်လိုမှုနှင့် ရှင်ကျန်းပြည်နယ်ရှိ လူ့အခွင့်အရေး အခြေအနေများကြောင့် “ယနေ့ ဂျာမနီက တရုတ်နှင့် ဆက်ဆံရေးကို ပြိုင်ဆိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စနစ်ကျသောယှဉ်ပြိုင်မှု ၃ မျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရမည်” ဟု ၎င်းတို့က ပြောကြားခဲ့သည်။

“တရုတ်၏ စိန်ခေါ်မှုများရှိသော်လည်း တရုတ်၏အခြေခံကျသည့် တိုးတက်မှုက ဆက်လက်ရှင်သန်နေမည်ကို မိမိတို့ ယုံကြည်သည်” ဟု စာရေးဆရာများက ရေးသားထားသည်။ “တရုတ်မှ ထွက်ခွာခြင်းက ယင်းအခွင့်အရေး များကို ဆုံးရှုံးစေလိမ့်မည်ဖြစ်သည်”

နိုဝင်ဘာ ၂ရက်တွင် အစိုးရအဖွဲ့သည် ဂျာမနီရှိ ချစ်ပ်စက်ရုံတစ်ရုံကို တရုတ်ကုမ္ပဏီတစ်ခု၏ ဆွီဒင်လက် အောက်ခံကုမ္ပဏီခွဲတစ်ခုသို့ ရောင်းချခြင်းနှင့် ဒုတိယအဆင့်ရင်းနှီးမြှုပ်နှံမည့်စီမံကိန်းအား အစိုးရကို အသေးစိတ် အကြောင်းမကြားခဲ့သဖြင့် အစိုးရက ခွင့်မပြုခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required