ရေစကြို ပြည်သူ့ဆေးရုံတွင် လုံခြုံရေး ယူနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး

ရေစကြို ပြည်သူ့ဆေးရုံတွင် လုံခြုံရေး ယူနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး

နိုဝင်ဘာလ ၁၅ ရက်

မကွေးတိုင်း ၊ ရေစကြိုမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ပျူစောထီးခေါင်းဆောင် ဝင်းမြင့်အောင်အား လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်သားများကို ရေစကြို မြို့နယ် (ပ.က.ဖ) ရဲဘော်များက နိုဝင်ဘာလ ၁၃ရက်၊ ညနေ ၃နာရီ အချိန်တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပ.က.ဖ သတင်းနှင့်ပြန်ကြားရေးက ပြောသည်။

“ဆေးရုံမှာ လုံခြုံရေးယူပေးနေတဲဲ့အချိန် အလစ်အငိုက် ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ လုံခြုံရေး ယူနေတဲ့ စစ်သား နှစ်ဦးသေတယ် တစ်ဦးပြင်းထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ကျနော်တို့ ရဲဘော်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ပါတယ်ဗျ။ ကျနော်တို့ အနေနဲ့ စစ်တပ်က ကျေးရွာတွေ ဘက်ကို အသည်းအသန် စစ်ကြောင်းထိုးနေချိန်မှာ မြို့ပေါ် က ပြန်ကြွပေးတဲ့ သဘောလည်း ဖြစ်ပါတယ်” ဟု ၎င်း က မဇ္စျိမကို ပြောသည်။

ရေစကြိုမြို့နယ် ပ.က.ဖ အနေဖြင့် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ရေး ကျည်ဝယ်ယူရန် ငွေကြေးလိုအပ်ချက် အခက်အခဲများ ရှိနေကြောင်းလည်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly