အီရန်နှင့် အာဖဂန်နစ္စတန် ဆက်ဆံရေးအတွက် ပါကစ္စတန်က ခြိမ်းခြောက်မှု ဖြစ်လာ

အီရန်နှင့် အာဖဂန်နစ္စတန် ဆက်ဆံရေးအတွက် ပါကစ္စတန်က ခြိမ်းခြောက်မှု ဖြစ်လာ

အီရန်နှင့် အာဖဂန်နစ္စတန်အကြား ဆက်ဆံရေးအတွက် ပါကစ္စတန်သည် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။ အီရန်နိုင်ငံနှင့် အာဖဂန်နစ္စတန် ပိုမို နီးစပ်သွားမည်ကို ပါကစ္စတန်ဘက်က လိုလားမှု မရှိခြင်းက ပါကစ္စတန်၏ အဓိကအကြောင်းရင်း ဖြစ်ကြောင်း Afghanistan Diaspora Network က ဖော်ပြသည်။

အီရန်နှင့် အာဖဂန်နစ္စတန်တို့သည် တူညီသော သမိုင်းကြောင်း ရှိသလို ဘာသာရေး၊ ယဉ်ကျေးမှု၊ ဘာသာဗေဒနှင့် စီးပွားရေးရာပိုင်းတွင် ပင်ဂိုအားဖြင့် ဆက်နွယ်ပတ်သက်မှု ရှိသည်ဆိုသော်လည်း နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ယုံကြည်မှုအပေါ်တွင် အမြဲတစေ အစမ်းသပ်ခံနေရသည်။ ယခုအခါ အဆိုပါ နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် ပါကစ္စတန်သည် အဖျက်ကောင် ဖြစ်လာသည်။

ပါကစ္စတန်သည် အီရန်အပေါ် ရှုမြင်ရာတွင် အမြဲတစေအားဖြင့် အီရန်နှင့် အိန္ဒိယအကြား ဆက်ဆံရေးအပေါ် အခြေခံပြီး ရှုမြင်သည်။ ယင်းအတွက်ကြောင့် အိန္ဒိယအထိ တိုးချဲ့ပေါက်ရောက်သွားနိုင်သည့်အီရန်-

အာဖဂန်နစ္စတန်အကြား ပိုမို နီးကပ်သော ဆက်ဆံရေးမှ ထွက်ပေါ်လာသော ခြိမ်းခြောက်မှုကို ပါကစ္စတန်ဘက်က တုံ့ပြန်ရန် အကြောင်းဖန်စေကြောင်း Afghanistan Diaspora Network က ဖော်ပြသည်။

အီရန်နှင့် အာဖဂန်နစ္စတန်၏ ဆက်ဆံရေးသည် အချိန်နှင့်အမျှ ပိုမို ခါးသီးလာခဲ့သည်။ အထူးသဖြင့် ပါကစ္စတန်က တာလီဘန်အဖွဲ့ကို ထောက်ခံအားပေးပြီးနောက်ပိုင်း အီရန်-အာဖဂန်အကြား ဆက်ဆံရေးက ပိုမို ခါးသီးလာသည်။ တာလီဘန်အဖွဲ့က ဟာဇာရာ ရှီးယား မျိုးနွယ်စုအပေါ် ပစ်မှတ်ထားခြင်းကြောင့်လည်း အီရန်အတွက် အမေရိကန် ကို ဆန့်ကျင်ပြီး အာဖဂန်အစိုးရကို ထောက်ခံပံ့ပိုးရာတွင် ကျဉ်းထဲကျပ်ထဲ အခြေအနေအောက်သို့ ရောက်စေခဲ့ သည်။

ထို့ပြင် ပါကစ္စတန်သည် အာဖဂန်နစ္စတန်မှ ရယူသည့် ဘိန်းဖြူကို မှောင်ခိုကုန်ကူးရာတွင် အီရန်ကို အကူးအပြောင်းနေရာတစ်ခုအဖြစ် အသုံးပြုခဲ့သည်။ အာဖဂန်နစ္စတန်မှ မူးယစ်ဆေး မှောင်ခိုကူးခြင်း၏ supply chain (ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုလုပ်ငန်းစဉ်) တစ်ခုလုံးကို ပါကစ္စတန်က လုံးလုံးလျားလျား ထိန်းချုပ်ထားကြောင်း မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) က မကြာသေးခင်က ထုတ်ပြန်သည့် အစီရင်ခံစာထဲတွင် ထုတ်ဖော်ထားသည်။

ပါကစ္စတန်သည် မူးယစ်ဆေး ရယူသည့် ရင်းမြစ်ကို ပုံဖျက်ရန် မူးယစ်ဆေးများကို တောင်အာရှနှင့် အရှေ့တောင်အာရှသို့ တရားမဝင် ကုန်ကူးရန် အီရန် လမ်းကြောင်းကို အသုံးပြုသည်။ ယင်းအချက်က အီရန်နှင့် အာဖဂန်နစ္စတန်အကြား ဆက်ဆံရေးအပေါ် ကြီးကြီးမားမား ထိခိုက်သက်ရောက်စေကြောင်း Afghanistan Diaspora Network က ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly