စီးပွားရေးကျဆင်းနေခြင်းကြောင့် တရုတ်တွင် အလွန်အမင်းချမ်းသာသူများ၏ ကြွယ်ဝမှုများ ကျဆင်းသွား

စီးပွားရေးကျဆင်းနေခြင်းကြောင့် တရုတ်တွင် အလွန်အမင်းချမ်းသာသူများ၏ ကြွယ်ဝမှုများ ကျဆင်းသွား

ရုရှား-ယူကရိန်းစစ်ပွဲ၊ တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးအစီအမံများနှင့် တရုတ်နှင့် ဟောင်ကောင် စတော့ဈေးကွက်များ ကျဆင်းလာကာ ၂၀၂၂ခုနှစ်တွင် နှစ်ပေါင်း ၂၀ ကျော်အတွင်း တရုတ်၏ ချမ်းသာ သူများ၏ ကြွယ်ဝချမ်းသာမှု အဆုံးရှုံးများခဲ့ကြောင်း နှစ်စဉ်ပြုစုသည့် လူချမ်းသာစာရင်းအစီရင်ခံစာတစ်ခုတွင် နိုဝင်ဘာ ၈ရက်တွင် ဖော်ပြခဲ့သည်။

ယွမ် ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၉၂ သန်း) အနည်းဆုံးချမ်းသာသည့် တရုတ်၏ အချမ်းသာဆုံး လူချမ်း သာစာရင်းတွင် လူ ၁,၃၀၅ ဦးသာ ၂၀၂၂ခုနှစ်တွင် စာရင်းဝင်ခဲ့ပြီး ၂၀၂၁ခုနှစ်ကထက် ၁၁ ရာခိုင်နှုန်း ကျဆင်း သွားခဲ့သည်။

ယင်းတို့၏ စုစုပေါင်း ကြွယ်ဝမှုသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံရှိပြီး ၁၈ ရာခိုင်နှုန်း ကျဆင်း ခဲ့သည်။

အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံချမ်းသာသူ အရေအတွက်မှာ ၅၆ ဦး မှ ၂၉ ဦးသို့ ကျဆင်းသွားပြီး ၂၀၂၂ခုနှစ် တွင် ဒေါ်လာ ဘီလီယံနာ ၉၄၆ ဦးမှ ၂၃၉ ဦးအထိ ကျဆင်းသွားကြောင်း ယင်းကဆိုသည်။

"၂၄ နှစ်အတွင်း Hurun China Rich List မှာ ဒီနှစ်မှာ အကြီးမားဆုံး ကျဆင်းလာတာကို တွေ့ရပါတယ်" ဟု စာရင်းပြုစုသည့် သုတေသနကုမ္ပဏီ Hurun Report ၏ ဥက္ကဋ္ဌနှင့် သုတေသီအကြီးအကဲ ရူးပတ် ဟူဂီဝါ့ဖ်က ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး အလားအလာသည် ယခုနှစ်တွင် အကြီးအကျယ်မှေးမှိန်ခဲ့ပြီး တရုတ် တွင် တင်းကျပ်သော ကိုဗစ်မူဝါဒများနှင့် ကာလကြာရှည်စွာ အိမ်ခြံမြေကဏ္ဍကျဆင်းမှုကြောင့် စီးပွားရေး တိုးတက်မှု နှေးကွေးခဲ့သည်။

Country Garden Holdings ၏ နောက်ကွယ်မှ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး ယန်ဟွေ့ယန်သည် အခြား အိမ်ခြံမြေလုပ်ငန်းရှင်များကဲ့သို့ ကြွေးမြီပြဿနာများရင်ဆိုင်နေရပြီး သူမ၏ ချမ်းသာကြွယ်ဝမှုသည် အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၇ ဘီလီယံအထိကျဆင်းသွားခဲ့ပြီး ၂၀၂၂ ခုနှစ်စာရင်းတွင် အများဆုံးကျဆင်းသွားသူ ဖြစ် သည်။

TikTok ပိုင်ရှင် ByteDance ကို တည်ထောင်သူ ကျန်းယိမင်းသည် ဒုတိယနေရာတွင် တည်ရှိခဲ့သော်လည်း ByteDance ၏ တန်ဖိုးကျဆင်းမှုကြောင့် ၎င်း၏ ကြွယ်ဝမှု ၂၈ ရာခိုင်နှုန်း ကျဆင်းသွားသဖြင့် အမေရိကန် ဒေါ်လာ ၃၅ ဘီလီယံအထိ ကျဆင်းသွားခဲ့သည်။ တတိယနေရာတွင် ဘက်ထရီကုမ္ပဏီကြီး CATL ဥက္ကဋ္ဌ ကျန်ယုချန်က ရပ်တည်နေသည်။

Alibaba တည်ထောင်သူ ဂျက်မားနှင့် ၎င်း၏ မိသားစုသည် အဆင့် ၄ ဆင့် ကျသွားပြီး နံပါတ် ၉ နေရာတွင် ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required