တရုတ်ကွန်မြူနစ်ပါတီက တိဗက်လူ့အခွင့်အရေးကို ငြင်းဆန်နေပြီး ဖိနှိပ်မှုများ ပိုဆိုးရွားလာနေ

တရုတ်ကွန်မြူနစ်ပါတီက တိဗက်လူ့အခွင့်အရေးကို ငြင်းဆန်နေပြီး ဖိနှိပ်မှုများ ပိုဆိုးရွားလာနေ

တရုတ်သမ္မတ ရှီကျင့်ဖျင်က အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံအပြီး အောက်တိုဘာလတွင် မကြုံစဖူး တတိယအကြိမ် သမ္မတသက်တမ်းကို ရယူနိုင်ခဲ့သော်လည်း တိဗက်လူမျိုးများအား လုံလောက်သော ကျန်းမာ ရေးစောင့်ရှောက်မှု၊ အစားအသောက်နှင့် နေရေးထိုင်ခင်းများကို လုံလောက်စွာ မထောက်ပံ့ပေးနိုင်ပုံကို ဖော်ပြ သည့် နောက်ဆက်တွဲရလဒ်များကို တိဗက်တစ်ဝန်းတွင် တွေ့မြင်နေရသည်။

ထို့ပြင် လူအများကို အစုလိုက်အပြုံလိုက်ထားသည့် သီသန့်ခွဲထားရေးစင်တာများတွင် ထားပေး သည့်အတွက် တရုတ်ကွန်မြူနစ်ပါတီကို ဖိအားပေးကျေးဇူးတင်ခိုင်းကြောင်းလည်း Tibet Press က ဖော်ပြခဲ့ သည်။

အမျိုးသားညီလာခံအတွင်း တိဗက်၏ မြေပြင်အခြေအနေသည် အလွန်ဆိုးရွားခဲ့ပြီး တိဗက်လူမျိုးများသည် တင်းကျပ်သောပိတ်ဆို့ကန့်သတ်မှုများကြောင့် မိမိကိုယ်မိမိ မီးရှို့သတ်သေခဲ့ကြသည်။

၂၀၂၂ခုနှစ် အကြိမ် ၂၀ မြောက်အမျိုးသားညီလာခံသည် တိဗက်၊ အထူးသဖြင့် မြို့တော်လာဆာတွင် ရက်ပေါင်း ၆၀ ကျော်ကြာ ပိတ်ဆို့ကန့်သတ်ထားသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

တိဗက်ဒေသအများစုကို အမျိုးသားဥယျာဉ်များအဖြစ် ပြောင်းလဲရေးမူဝါဒကို တရုတ်အစိုးရက အကောင် အထည်ဖော်နေပြီး ယင်းကြောင့် တိဗက်လူမျိုးများကို ၎င်းတို့၏ ဘိုးဘွားနယ်မြေများမှ ပိုမိုဖယ်ရှားခံရလာနိုင် ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

အောက်တိုဘာလနောက်ဆုံးပတ် အစောပိုင်းတွင် လာဆာမြို့တွင် ဟန်တရုတ်နှင့် တိဗက်လူမျိုးများသည် ကိုဗစ်ပိတ်ဆို့ကန့်သတ်မှုကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြခဲ့ကြသော်လည်း နောက်ပိုင်းတွင် တရုတ်လုံခြုံရေး တပ်ဖွဲ့များက ဖြိုခွင်းခဲ့သည်။

လာဆာနှင့် တရုတ်နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကူးစက်မှုများမြင့်တက်လာခြင်းကြောင့် လာဆာမြို့တွင် ပိတ်ဆို့ ကန့်သတ်ချက်မှုများ သြဂုတ်လအစောပိုင်းတွင် စတင်ခဲ့သည်။

ကန့်သတ်ပိတ်ဆို့မှုအမိန့်က ၎င်းတို့အား ကြိုတင်ပြင်ဆင်ချိန်မပေးခြင်းကြောင့် အစားအစာနှင့် ဆေးဝါးများ ပြတ်လပ်ခဲ့ကြောင်း လာဆာမြို့ခံများက လူမှုမီဒီယာများတွင် ဖော်ပြခဲ့ကြောင်း RFA က ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required