တရုတ်က ငွေကြေးထောက်ပံ့ထားသည့် ရထားလမ်းတည်ဆောက်ရေး လျှို့ဝှက်စာချုပ်ကို ကင်ညာက ထုတ်ပြန်ကြေညာ

တရုတ်က ငွေကြေးထောက်ပံ့ထားသည့် ရထားလမ်းတည်ဆောက်ရေး လျှို့ဝှက်စာချုပ်ကို ကင်ညာက ထုတ်ပြန်ကြေညာ

မီးရထားလမ်း၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုများအတွက် တရုတ်က ရန်ပုံငွေထောက်ပံ့၊ ဒီဇိုင်း ဆွဲတည်ဆောက်ခဲ့သည့် ယခင်က မတွေ့မြင်ခဲ့ဖူးသည့် စာချုပ် ၃ ခုကို ကင်ညာအစိုးရက ထုတ်ပြန်လိုက်သည်။

ကင်ညာကမ်းရိုးတန်းဒေသတွင် စတင်မည့် Standard Gauge Railway မီးရထားစီမံကိန်းသည် ကင်ညာတွင် လွန်ခဲ့သည့် ၅ နှစ်က စတင်ခဲ့ပြီး နိုင်ငံစီးပွားရေးကို အကြွေးနွံနစ်စေသဖြင့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု များ၏ အဓိကအာရုံစိုက်မှု ဖြစ်လာခဲ့ကြောင်း New York Times က ဖော်ပြခဲ့သည်။

တရုတ်ချေးငွေစာချုပ်များ လျှို့ဝှက်အနေအထားကြောင့် ယင်းထုတ်ဖော် ပြောဆိုမှုများသည် မကြုံစဖူးဖြစ် ကြောင်း တရုတ်နှင့် အာဖရိကရှိ ကျွမ်းကျင်သူများက ဆိုကြသည်။

တရုတ်က ကင်ညာ၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံဖြစ်ခြင်းကြောင့် ယခုအခါ ကင်ညာသည် တရုတ်ကို ကြွေးမြီများစွာ တင်ရှိနေသည်။

စာရွက်စာတမ်းများ မထုတ်ပြန်မီ ကင်ညာအာဏာပိုင်များက တရုတ်အစိုးရနှင့် တိုင်ပင်ခဲ့ခြင်း ရှိ၊ မရှိ ရှင်းလင်း စွာ မသိရသေးဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါထုတ်ပြန်ချက်အပြီးတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

"ကင်ညာ၏ ရန်ပုံငွေချို့တဲ့မှုကို အားဖြည့်ပေးပြီး လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကင်ညာ၏ စွမ်းဆောင် ရည်ကို မြှင့်တင်ပေးသည့် နိုင်ငံတကာက လက်ခံထားသော ကူးသန်းရောင်းဝယ်ရေးနှင့် ဈေးကွက် စည်းမျဉ်း များနှင့်အညီ တရုတ်ဘဏ္ဍာရေးအဖွဲ့အစည်းများက တရုတ်-ကင်ညာ ပူးပေါင်းဆောင်ရွက်မှုအတွက် ဘဏ္ဍာငွေ ပံ့ပိုးပေးခဲ့သည်" ဟု တရုတ်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

စံရထားလမ်း (SGR) တည်ဆောက်ရန် ချေးငွေများ ပြန်ဆပ်ရန် ပျက်ကွက်မှုအတွက် ဇွန်လကုန်တွင် ကင်ညာ ရှီလင် ၁ ဒသမ ၃၁၂ ဘီလီယံ တရုတ်ဘဏ်များက ဒဏ်ရိုက်ခဲ့သည်။

ကင်ညာ၏ ၂၀၂၁-၂၀၂၂ခုနှစ် ပြင်ပကြွေးမြီပြန်ဆပ်ရသည့် ကုန်ကျစရိတ်၏ ၃ ပုံ ၁ပုံခန့်သည့် တရုတ်သို့ ဖြစ်ပြီး ကမ္ဘာ့ဘဏ်ပြီးနောက် ကင်ညာ၏ အကြီးဆုံးနိုင်ငံခြားမြီရှင်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly