တရုတ်နှင့်ဆက်သွယ်ရေးလမ်ကြောင်း ဆက်ဖွင့်ထားမည်ဟု အမေရိကန်သမ္မတ ပြောကြား

တရုတ်နှင့်ဆက်သွယ်ရေးလမ်ကြောင်း ဆက်ဖွင့်ထားမည်ဟု အမေရိကန်သမ္မတ ပြောကြား

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တရုတ်၏ သံသယဖြစ်ဖွယ် လူ့အခွင့်အရေးမှတ်တမ်းများနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆက်ပြောဆိုမည်ဖြစ်သော်လည်း ပဋိပက္ခဖြစ်မှုကိုတားဆီးရန် တရုတ်နှင့် ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ထားဆဲဖြစ်ကြောင်း Al Jazeera က ဖော်ပြသည်။

“သူ့အကြောင်း ကျွန်တော်ကောင်းကောင်းသိသလို သူကလည်း ကျွန်တော့်အကြောင်းသိပါတယ်။ မျဉ်းနီတွေ ထားရှိမယ့်နေရာနဲ့ ကျွန်တော်တို့အတွက် အရေးပါဆုံးအရာတွေကို အဖြေရှာရမှာဖြစ်ပြီး လာမယ့် ၂ နှစ်ကို ဆက်သွားရမှာပါ” ဟု ဘိုင်ဒင်က ကမ္ဘောဒီးယားတွင်ကျင်းပသော အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရှီအစိုးရက ထိုင်ဝမ်ပေါ် အမေရိကန်၏ရပ်တည်ချက်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နယ်ဆိုင်မှုကို ပျက်ပြားအောင်လုပ်ဆောင်ရာရောက်သည်ဟု ဘိုင်ဒင်အစိုးရကို ပြစ်တင်လျက်ရှိသည်။

ဘိုင်ဒင်သည် နိုဝင်ဘာ ၁၁ ရက်မှ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် စတင်ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၏ သီးသန့်အစည်းအဝေးတွင် တရုတ်သမ္မတနှင့်တွေ့ဆုံမည်ဖြစ်သည်။

အမေရိကန်သမ္မတအနေဖြင့် အခြေအနေဆိုးရွားမှုများ ထပ်မံမဖြစ်စေရန် အလျှော့ပေးမှုများရှောင်ရှားကာ တရုတ်နှင့်ဆက်ဆံရေးတွင် ပြတ်သားသည့် စည်းမျဉ်းများ သတ်မှတ်လိမ့်မည်ဟု Foreign Policy ကဖော်ပြသည်။

တရုတ်က ၎င်းပိုင်နက်အဖြစ်အခိုင်အမာ ပြောဆိုထားသော ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ဘိုင်ဒင်က သမ္မတတာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ အခိုင်အမာရပ်တည်ခဲ့သည်။ တရုတ်ကလည်း အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်သို့ လာရောက်ချိန် ဩဂုတ်လက ရန်မူတုံ့ပြန်ခဲ့သည်။

တရုတ်သည် နည်းပညာကဏ္ဍ အထူးသဖြင့် တစ်ပိုင်းလျှပ်စစ်ကူးနယ်ပယ်၌ ၎င်းရည်ရွယ်ချက်များကို ပစ်မှတ်ထားသော အမေရိကန်မူဝါဒများကို မကျေမနပ်ဖြစ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required