ရန်ကုန်မှရဲဘော်များနှင့်အတူရှိကြောင်း မုံရွာရဲဘော်များ ဆန္ဒထုတ်ဖော်

ရန်ကုန်မှရဲဘော်များနှင့်အတူရှိကြောင်း မုံရွာရဲဘော်များ ဆန္ဒထုတ်ဖော်

နိုဝင်ဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ရန်ကုန်မြို့၌ အဝတ်အစားများအပေါ်စာများရေး၍ စစ်အာဏာရှင် ဆန့်ကျင်းရေးဆန္ဒဖော်ထုတ်သကဲ့သို့ ၎င်းတို့နှင့်အတူရှိကြောင်း မုံရွာမြို့ရှိ တော်လှန်ရေးရဲဘော်များမှ ပြသခဲ့ကြသည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မုံရွာမြို့၏အဓိကလမ်းမများဖြစ်သော ကျောက္ကာလမ်း ၊ အာဇာနည်လမ်း ၊ ဗိုလ်တေဇလမ်း ၊ ပေရှစ်ဆယ်လမ်းနှင့် အထက်တန်းကျောင်းရှေ့တို့ တွင် အဝတ်အစားများပေါ်၌ အာဏာရှင်ဆန့်ကျင်ကြောင်း စာများရေးသားပြီး ထုတ်ဖော်ပြသခဲ့ကြသည်။

ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ယင်းကဲ့သို့ဆန္ဒထုတ်ဖော်မှုများကို လေးစားဂုဏ်ယူသည့် အနေဖြင့် ၁၂/ နှင့် ၅/ တို့သည် အတူတူဖြစ်ကြောင်း ပြသသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly