အရက် အတူတူထိုင်သောက်ရင်း ပြည်သူ့စစ်ခေါင်းဆောင်က လက်အောက်ငယ်သားအား သေနတ်ဖြင့် ပစ်သတ်

အရက် အတူတူထိုင်သောက်ရင်း ပြည်သူ့စစ်ခေါင်းဆောင်က လက်အောက်ငယ်သားအား သေနတ်ဖြင့် ပစ်သတ်

နိုဝင်ဘာလ ၁၃ ရက်

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်တွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုလုံကျေးရွာအနီး နောင်ပျက်ရွာ၌ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးသည် လက်အောက်ငယ်သားတစ်ဦးနှင့်အတူ ဆိုင်တွင် အရက် ထိုင်သောက်ရာမှ အဆိုပါခေါင်းဆောင်က လက်အောက်ငယ်သားအား သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ပြည်သူ့စစ်ခေါင်းဆောင်သည် ဦးအာကွေဆိုသူဖြစ်ပြီး သေဆုံးသွားသည့် လက်အောက်ငယ်သားမှာ အသက် ၃၀အရွယ် ချှန်လွေးချန်ဖြစ်သည်ဟု သိရသည်။

၎င်းတို့နှင့် နီးစပ်သူတစ်ဦးက "သူတို့ အရက်သောက်နေတဲ့အချိန်မှာ ဘေးကမြင်တဲ့သူတွေကပြောတယ်။ သူတို့နှစ်ယောက် ရန်ဖြစ်တာလဲ မရှိဘူး။ စကားများတာလဲ မရှိဘူး။ ဘာကြောင့် သူ့ကို​ ပစ်လိုက်တာလဲတော့ မသိဘူး။ ပွဲချင်းပြီး သေသွားတယ်။ လည်ပင်းမှာ သေနတ်ဒဏ်ရာ ရထားတယ်" ဟု ပြောသည်။

ချှန်လွေးချန်ကို ယမန်နေ့က ကောင်းခါးကျေးရွာတွင် မီးသဂြိုလ်ပေးလိုက်ပြီဟုလည်း ၎င်းကဆိုသည်။

သေဆုံးသွားသည့် ချှန်လွေးချန်ကိစ္စအား ဦးအာကွေက လာရောက်မဖြေရှင်းပေးသေးသည့်အပြင် ပစ်သတ်ခံရသည့် အကြောင်းရင်းကိုလည်း မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly