ပါကစ္စတန်တွင် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ဂျာနယ်လစ်များ အသတ်ခံရသည့် ဖြစ်စဉ်များ၏ ၉၆ ရာခိုင်နှုန်းတွင် ပြစ်ဒဏ်ချမှတ်မှု မရှိခဲ့

ပါကစ္စတန်တွင် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ဂျာနယ်လစ်များ အသတ်ခံရသည့် ဖြစ်စဉ်များ၏ ၉၆ ရာခိုင်နှုန်းတွင် ပြစ်ဒဏ်ချမှတ်မှု မရှိခဲ့

ပါကစ္စတန်နိုင်ငံတွင် ၂၀၁၂ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်အကြား ကာလအတွင်း ဂျာနယ်လစ်များ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များအနက် ၉၆ ရာခိုင်နှုန်းတွင် ပြစ်ဒဏ်ထင်ရှား စီရင်မှုများ မရှိခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်သော Freedom Network အဖွဲ့၏ နှစ်စဉ်ထုတ်ပြန်နေကျ ပြစ်ဒဏ်ခတ်မခံရမှုဆိုင်ရာ ၂၀၂၂ အစီရင်ခံစာက ဖော်ပြသည်။

“လူသတ်ကွင်းများ- ပါကစ္စတန်၏ အသတ်ခံရသော ဂျာနယ်လစ်များအတွက် တရားမျှတမှု မရရှိခြင်း” ဆိုသည့် အစီရင်ခံစာကို နိုဝင်ဘာ ၂ ရက်တွင် ကျရောက်သည့် ဂျာနယ်လစ်များအပေါ် ကျူးလွန်သော ပြစ်မှုများအတွက် ပြစ်ဒဏ်ခတ်မခံရမှုများ အဆုံးသတ်ရေး နိုင်ငံတကာနေ့ မတိုင်မီ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယခု သုတေသန လေ့လာချက်ကို ဂျာနယ်လစ်များ၏ ဘေးကင်းလုံခြုံရေးနှင့် ပြစ်ဒဏ်ခတ်မခံရခြင်း အရေးကိစ္စဆိုင်ရာ ၂၀၁၂ ကုလသမဂ္ဂ အရေးယူဆောင်ရွက်မှု အစီအစဉ်၏ ၁၀ နှစ်တာ နှစ်ပတ်လည်အကြောင်းအရာအောက်တွင် ထည့်သွင်းခဲ့သည်။

အဆိုပါ ကုလသမဂ္ဂ အရေးယူဆောင်ရွက်မှု အစီအစဉ်ကို ပါကစ္စတန်က ၂၀၁၃ အောက်တိုဘာတွင် ပထမဆုံး ထောက်ခံအတည်ပြုခဲ့ပြီး ယင်းနောက် ဂျာနယ်လစ်များနှင့် မီဒီယာသမားများ အကာအကွယ်ပေးရေး အက်ဥပဒေ ၂၀၂၁ ကို အကောင်အထည်ဖော်မည်ဟု ကတိပြုခဲ့သည်။

အစီရင်ခံစာအရ ပါကစ္စတန်တွင် ၂၀၁၂ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အကြား ဂျာနယ်လစ် ၅၃ ဦး အသတ်ခံရကြောင်း၊ သို့သော် အဆိုပါ ဂျာနယ်လစ်များ အသတ်ခံရမှုဖြစ်စဉ် ၅၃ ခုအနက် ဖြစ်စဉ် ၂ ခုတွင်သာ ကျူးလွန်သူများကို ပြစ်ဒဏ်စီရင်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly