တာလီဘန်နှင့် ဟက်ကာနီတို့ မပြေလည်မှုကြောင့် အာဖဂန်တွင် ပြည်တွင်းစစ် ဖြစ်မည့် အလားအလာရှိနေ

တာလီဘန်နှင့် ဟက်ကာနီတို့ မပြေလည်မှုကြောင့် အာဖဂန်တွင် ပြည်တွင်းစစ် ဖြစ်မည့် အလားအလာရှိနေ

အာဖဂန်နစ္စတန်တွင် တာလီဘန်နှင့် ဟက်ကာနီအကြား အချင်းချင်း အာဏာလုမှုများ ရှိနေခြင်းက လက်ရှိ အာဖဂန်နစ္စတန်အစိုးရသည် စိတ်သဘောထားကွဲလွဲနေသော အိမ်တစ်လုံးသဖွယ် ဖြစ်နေပြီး ထိုမှတစ်ဆင့် နိုင်ငံတွင် ပြည်တွင်းစစ်တစ်ခု အသစ်တစ်ဖန် ပေါ်ပေါက်လာနိုင်ကြောင်းကို ပြသနေသည်။

အဆိုပါ အာဖဂန်နစ္စတန်နိုင်ငံတွင်း ပဋိပက္ခက အမှန်တကယ် ရှိနေသည် ဆိုသော်လည်း ပြီးခဲ့သည့် အောက်တို ဘာ ၅ ရက်က ဟက်ကာနီခေါင်းဆောင် ဆီရာဂျူဒင် ဟက်ကာနီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုူ၏ အခြား သိသာထင်ရှားသော အကြောင်းပြချက်က ၎င်း၏ ပါကစ္စတန် လိုလားပြီး ပညာရေးကို ဆန့်ကျင်သည့် ရပ်တည်ချက်ပင် ဖြစ်သည်။

အမှန်တကယ် မြင်တွေ့နေရသည့် ပြဿနာမှာ တာလီဘန်အစိုးရအဖွဲ့အတွင်း မူလာ ဘာရာဒါကို သစ္စာခံသူများနှင့် ဟက်ကာနီကွန်ရက်ကို သစ္စာခံသူများအကြား စိတ်ဝမ်းကွဲမှုပင် ဖြစ်ကြောင်း Al Arabiya Post မီဒီယာက ဖော်ပြသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်က ကဘူးလ်မြို့ ပြည်ထဲရေးဝန်ကြီးဌာန အဝန်းအဝိုင်းအတွင်းရှိ အယ်လ်-ဖာတက် ဗလီကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အသေခံဗုံးခွဲသမားက ၎င်း၏ ပစ်မှတ်သည် အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီး ဆီရာဂျူဒင် ဟက်ကာနီ ဖြစ်ကြောင်းကို ကောင်းစွာ သိနေခဲ့သည်။ ဆီရာဂျူဒင် ဟက်ကာနီ သည် အဆိုပါ အယ်လ်-ဖာတက် ဗလီကို ၎င်း၏ ကိုယ်ပိုင်အသုံးစရိတ်ထဲမှ အာဖဂန်နီ ၁၈ သန်း စိုက်ထုတ် အကုန်အကျခံကာ တည်ဆောက်ပြီး ယခုနှစ် ဩဂုတ် ၁၄ ရက်တွင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်တွင် ဆီရာဂျူဒင် ဟက်ကာနီသည် အဆိုပါ ဗလီသို့ လာရောက် ဆုတောင်းဝတ်ပြုပြီးနောက် ပေါက်ကွဲမှုမဖြစ်မီ ၁၀ မိနစ်ခန့်အလိုတွင် ပြန်သွားသည်ဟု သတင်းတချို့က ဖော်ပြသည်။

ခြေတုတပ်ထားသည့် အသေခံဗုံးခွဲသမားတစ်ဦး လုပ်ဆောင်သည့် အသေခံ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် လူ ၄ ဦး သေဆုံးကြောင်း ဗြိတိန်အခြေစိုက် မီဒီယာတစ်ခုက ဖော်ပြသည်။

ပြီးခဲ့သည့် ကာလအတွင်း ဟက်ကာနီကွန်ရက်သည် တာလီဘန် ထိပ်ပိုင်းခေါင်းဆောင်များနှင့် သဘောကွဲလွဲမှုများ ရှိခဲ့ခြင်းကြောင့် ယင်းကဲ့သို့သော တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွားလာနိုင်ဖွယ် ရှိနေပြီး ယခုတကြိမ်တွင် ပိုမို ပြင်းထန်ရုံသာ ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly