ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ၌ ပါကစ္စတန် လိုလားသော အစ္စလမ္မစ်ပါတီ ဝင်ပြိုင်ရန် ကြိုးပမ်း

By Lateslty
13 November 2022
ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ၌ ပါကစ္စတန် လိုလားသော အစ္စလမ္မစ်ပါတီ ဝင်ပြိုင်ရန် ကြိုးပမ်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျင်းပမည့် လာမည့်အထွေထွေရွေးကောက်ပွဲတွင် ပါကစ္စတန်လိုလားသော အစွန်းရောက် အစ္စလမ္မစ် ပါတီ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် ဂျမတ်-အီ-အစ္စလမ္မီ (BD Jel) က အမည်သစ်အောက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း Bangladesh Live News က ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်ရှိ နိုင်ငံရေးပါတီ အားလုံးသည် ၂၀၂၃ နှစ်ကုန်တွင် ကျင်းပရန် စီစဉ်ထားသော ၁၂ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် ၎င်းတို့၏ မူဝါဒများကို မဟာဗျူဟာကျ ရေးဆွဲလျက် ရှိသည်။

ဘင်္ဂလားဒေ့ရှ် ဂျမတ်-အီ-အစ္စလမ္မီ ပါတီသည် ၁၉၇၁ ခုနှစ် လွတ်လပ်ရေးစစ်ပွဲတွင် ပါကစ္စတန် စစ်တပ်ကို ထောက်ခံကာ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးကို ဆန့်ကျင်ခဲ့မှုအတွက် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ကြောင်း Bangladesh Live News က ဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ဂျမတ်-အီ-အစ္စလမ္မီ ပါတီ၏ မှတ်ပုံတင်မှုကို တရားမဝင်ကြောင်း ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က ကြေညာခဲ့သည်။ အလားတူ အဆိုပါ ပါတီ၏ ပဋိညာဉ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွတ်လပ်ရေး စစ်ပွဲ၏ အနှစ်သာရတို့နှင့် ကိုက်ညီခြင်း မရှိသည့်အတွက် ၂၀၁၈ ခုနှစ်တွင် အဆိုပါ ပါတီ၏ မှတ်ပုံတင်ခြင်းကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်ခဲ့သည်။

သို့သော် ဂျမတ်-အီ-အစ္စလမ္မီနှင့် ပတ်သက်ပြီး အပြောင်းအလဲသစ် ပြုလုပ်ပါက ယင်းပါတီအနေဖြင့် မှတ်ပုံတင်ခွင့် ရနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ မက်ဒ် အလာဂီအာက ပြောသည်။

ဘင်္ဂလားဒေ့ရှ် ဂျမတ်-အီ-အစ္စလမ္မီ ပါတီအနေဖြင့် စည်းကမ်းချက်အားလုံးကို လိုက်နာနိုင်ပါက မတူညီသော အမည်တစ်ခုအောက်ဖြင့် မှတ်ပုံတင်ခွင့် ရနိုင်ကြောင်း အလာဂီအာက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly