ပါကစ္စတန်တွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ဟု စစ်သွေးကြွများ ထုတ်ဖော်ကြေညာ

ပါကစ္စတန်တွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ဟု စစ်သွေးကြွများ ထုတ်ဖော်ကြေညာ

ပါကစ္စတန်နိုင်ငံ၏ နယ်မြေဒေသ ၁၈ ခုတွင် တိုက်ခိုက်မှု ၄၃ ခုကို လုပ်ဆောင်ခဲ့ကြောင်း အဆိုပါနိုင်ငံတွင် တရားမဝင်ကြောင်း ကြေညာခံထားရသည့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့က ထုတ်ဖော် လိုက်သည်။ အဆိုပါ တိုက်ခိုက်မှု အများစုသည် လက်တုံ့ပြန်ခြင်း သို့မဟုတ် ခုခံကာကွယ်ခြင်း အနေဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း TTP အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်မှု အများစုကို ခိုင်ဘာ ပက်ခ်တွန်ခဝါ ဒေသတွင် လုပ်ဆောင်ခဲ့ကြောင်း အဆိုပါ အဖွဲ့၏ ထုတ်ဖော်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်မှု ၉ ခု ၊ မြောက်ဝါဇီရစ္စတန်တွင် ၆ ခု ၊ ဒီရာ အစ္စမေးလ် ခန်းတွင် ၄ ခု ၊ လက်ကီ မာဝက်တွင် ၄ ခု၊ ဘာဂျော် အရပ်တွင် ၃ ခု၊ တောင်ဝါဇီရစ္စတန်တွင် ၂ ခု ၊ ချာဆက်ဒါတွင် ၂ ခု ၊ ဘန်နူးတွင် ၂ ခုနှင့် ပက်ရှာဝါတွင် ၂ ခုတို့ကို လုပ်ဆောင်ခဲ့သည်။

အလားတူ ကရာချိ၊ လာဟိုး၊ ကိုဟတ်၊ ချာမန်း၊ ပီရှင်း၊ တန့်ခ်၊ နောင်ရှီးရား၊ ကာရက်နှင့် မာဒန်းတို့တွင်လည်း စစ်သွေးကြွများက တိုက်ခိုက်မှု ၁ ကြိမ်စီ ပြုလုပ်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်သား ၆၀ ဦး ၊ ရဲ ၃၀ ဦး ၊ နယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၁၉ ဦး နှင့် ထောက်လှမ်းရေးအေဂျင်စီ အမှုထမ်း ၄ ဦး အပါအဝင် ပါကစ္စတန်လုံခြုံရေးအမှုထမ်း ၁၁၃ ဦး သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း TTP ၏ မီဒီယာအဖွဲ့ ‘Umar Media’ က ထုတ်ပြန်သည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့များ၏ ကား ၅ စီးနှင့် အဆောက်အအုံစခန်း ၃၀ တို့ကိုလည်း ဖျက်ဆီးခဲ့ကြောင်း အဆိုပါ စစ်သွေးကြွများက ပြောသည်။ စစ်သွေးကြွများသည် AK 47 ရိုင်ဖယ် ၂ လက်၊ G3 ၁ လက်နှင့် အပေါ့စား စက်သေနတ် ၁ လက်တို့ကို ရရှိသွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့သည့် တိုက်ပွဲများနှင့် စီးနင်းခံရမှုများအတွင်း စစ်သွေးကြွ ၁၀ ဦး သေဆုံးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly