မက္ကဆီကိုပါလီမန်၏ တိဗက်ထောက်ပံ့ရေးအဖွဲ့ ထူထောင်ခြင်းကို တရုတ်က ကန့်ကွက်

By Tibet Rights Collective
13 November 2022
မက္ကဆီကိုပါလီမန်၏ တိဗက်ထောက်ပံ့ရေးအဖွဲ့ ထူထောင်ခြင်းကို တရုတ်က ကန့်ကွက်

မက္ကဆီကန်အောက်လွှတ်တော်ဥပဒေပြုအမတ်များအဖွဲ့၏ တိဗက်မိတ်ဆွေများအဖွဲ့ကို နိုဝင်ဘာလ ၈ ရက်နေ့က အမတ် ဆာဗေးဒိုးကာရို ကာဘရယ်ရာ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့သည်။

နောက်တစ်ရက်တွင် မက္ကဆီကိုရှိ တရုတ်သံရုံးမှ ကိုယ်စားလှယ်များသည် မက္ကဆီကိုအောက်လွှတ်တော်သို့ ရောက်လာခဲ့ကာ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့်တွေ့ဆုံပြီး အောက်လွှတ်တော်တွင် တရုတ်အလံလွှင့်ထူပေးရန် တောင်းဆိုခဲ့သည်။

တိဗက်၏တရားမျှတသော အကြောင်းရင်းကို ပံ့ပိုးကူညီရန် အခွင့်အရေးနှင့် တာဝန်ဝတ္တရားများရှိကြသော လူတစ်ဦးချင်းစီနှင့် လွတ်လပ်သောနိုင်ငံခေါင်းဆောင်များ၏ အခွင့်အရေးများကို ထိန်းချုပ်ရန် တရုတ်၏ ကြိုးပမ်းမှုသည် သံတမန်ကျင့်ဝတ်ကို ချိုးဖောက်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ကျင့်ဝတ်သိက္ခာမဲ့ပြီး ဒီမိုကရေစီအခြေခံမူများကို ဆန့်ကျင်ရာရောက်သည်။

တရုတ်၏ ယုတ္တိမရှိသော ကန့်ကွက်မှုကို တုံ့ပြန်သည့်အနေဖြင့် အောက်လွှတ်တော်အမတ် ဆာဗေးဒိုးကာရို ကာဘရယ်ရာက “အောက်လွှတ်တော်အမတ်တွေရဲ့ တိဗက်မိတ်ဆွေများအဖွဲ့ကို ဖွဲ့ပြီး နောက်တစ်ရက်မှာ တရုတ်သံရုံးက အောက်လွှတ်တော် အစည်းအဝေးခန်းမထဲရောက်လာပြီး ဥက္ကဋ္ဌနဲ့တွေ့ပါတယ်။ တရုတ်ရဲ့ အဓိပ္ပါယ်မဲ့ကန့်ကွက်ချက်နဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်မှာ ဒါဟာ တိဗက်လူမျိုးတွေအတွက် ကိုယ်ကျင့်တရားအောင်ပွဲပါ။ ကျေးဇူးတင်ပါတယ်။ တိဗက်လွတ်မြောက်ပါစေ” ဟု ပြောခဲ့သည်။

တရုတ်သံရုံးသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် နယူးဒေလီ၌ အဝေးရောက်တိဗက်ပါလီမန်အဖွဲ့က တိဗက်ရေးရာ ပါတီစုံ အိန္ဒိယပါလီမန်ဖိုရမ်အပြီး ဧည့်ခံကျင်းပသော ညစာစားပွဲသို့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများမှ အမတ်များနှင့် အိန္ဒိယဥပပြုအမတ်များတက်ရောက်ခဲ့မှုကိုလည်း ကန့်ကွက်ခဲ့သည်။

တိဗက်အရေးနှင့် ပတ်သက်၍ ကမ္ဘာ့လွတ်လပ်သောနိုင်ငံများအပေါ် တရုတ်၏ အကျပ်ကိုင်လွှမ်းမိုးမှုသည် အသစ်အဆန်းမဟုတ်တော့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly