ကမ္ဘာတစ်ဝန်း၌ တရုတ်ရဲစခန်းများတိုးလာခြင်းက စိုးရိမ်စရာဖြစ်ကြောင်း အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြ

ကမ္ဘာတစ်ဝန်း၌ တရုတ်ရဲစခန်းများတိုးလာခြင်းက စိုးရိမ်စရာဖြစ်ကြောင်း အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြ

ကမ္ဘာတစ်ဝန်းတွင် တရုတ်ရဲစခန်းများဖွင့်ထားမှုများပြားလာခြင်းက စိုးရိမ်မှုများ မြင့်တက်စေပြီး ၎င်းကို လျစ်လျူရှုလိုက်ပါက နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာချိန်ခွင်လျှာတွင် ဆိုးရွားသော အကျိုးဆက်များ ဖြစ်လာစေနိုင်သည်။ တရုတ်အစိုးရသည် တရုတ်နိုင်ငံမှ နိုင်ငံရေး သဘောထားကွဲလွဲသူများနှင့် ပြည်ပရောက် နိုင်ငံသားများကို နှောင့်ယှက်ရန် နိုင်ငံအသီးသီးတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိသော ရဲစခန်းများ တည်ထောင်ထားကြောင်း အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာဖိုရမ် (IFFRS) က ဖော်ပြခဲ့သည်။

နိုင်ငံရပ်ခြားတွင် ထိုသို့လုံခြုံရေးတပ်ဖွဲ့ထူထောင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး ဆိုးရွားသော အကျိုးဆက်များဖြစ်လာစေနိုင်သည်။ တရုတ်သည် တိုက်ကြီး ၅ တိုက်၏ နိုင်ငံပေါင်း ၂၁ နိုင်ငံရှိ မြို့ကြီးများတွင် ပြည်ပအခြေစိုက် ရဲစခန်း ၅၄ ခုအထိ ဖွင့်ထားနိုင်ပြီး နယ်သာလန်၊ ကနေဒါ၊ အိုင်ယာလန်၊ နိုင်ဂျီးရီးယားနှင့် အခြားနိုင်ငံများလည်းပါဝင်ကြောင်း အစီရင်ခံစာတချို့တွင် ဖော်ပြထားသည်။

ထိုသတင်းများထွက်လာပြီးနောက် ကနေဒါနှင့် နယ်သာလန်အာဏာပိုင်များသည် တရားမဝင်နေရာများနှင့် လုပ်ဆောင်သည့် အခြေအနေများကို စတင်စုံစမ်းနေပြီဖြစ်သည်။ အင်္ဂလန်နှင့် စကော့တလန်တို့ကလည်း အဆိုပါအဆင့်များနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းသိရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောသည်။

ဖူကျိုးနှင့် ချင်းတီယန်မြို့များမှ တရုတ်တပ်ဖွဲ့ဝင်များသည် ကမ္ဘာတစ်ဝန်းရှိ ရဲစခန်းများတွင် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း စပိန်အရပ်ဘက်အခွင့်အရေးအဖွဲ့၏ အစီရင်ခံစာကို ကိုးကား၍ IFFRS က ဖော်ပြခဲ့သည်။ ရဲစခန်းများဖွင့်ရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံရပ်ခြားမှ တရုတ်နိုင်ငံသားများ ပြန်လာရေး စည်းရုံးရန်ဖြစ်သည်။ နောက်ထပ် ရည်ရွယ်ချက်မှာ တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ နိုင်ငံရေးသဘောတရား လုပ်ဆောင်ခြင်းနှင့် ကွဲပြားသော အတိုက်အခံများကို ခြိမ်းခြောက်ရန် ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တရုတ်၏ ရှင်းလင်းချက်မှာ ရှင်းရှင်းလင်းလင်းမရှိပေ။ တရုတ်အာဏာပိုင်များသည် စွပ်စွဲချက်များကို ပြတ်ပြတ်သားသား ငြင်းဆိုခြင်းမပြုသော်လည်း သံရုံးအသီးသီးက ဖြေရှင်းချက် အမျိုးမျိုးပေးလျက်ရှိသည်။

တရုတ်၏ ထောက်လှမ်းမှုနှင့် သူလျှိုနည်းလမ်းများကို တစ်ကမ္ဘာလုံး သတိမထားမိသေးပေ။ တရုတ်သည် အာဖရိကတွင် စောင့်ကြည့်ထောက်လှမ်းရေး လုပ်ဆောင်ခဲ့သည့် သမိုင်းကြောင်းရှိပြီး ယခုအခါ တခြားနိုင်ငံများသို့လည်း တိုးချဲ့လာပြီဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly