ရုရှားအား ဖိအားပေးရန် တရုတ်သမ္မတကို ဂျာမနီဝန်ကြီးချုပ် တိုက်တွန်း

ရုရှားအား ဖိအားပေးရန် တရုတ်သမ္မတကို ဂျာမနီဝန်ကြီးချုပ် တိုက်တွန်း

တရုတ်ခေါင်းဆောင်က ရုရှားနှင့် ယူကရိန်း ဆွေးနွေးပွဲပြုလုပ်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပြီး နျူကလီးယား ပဋိပက္ခကို တားဆီးရန် သတိပေးနေချိန်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင့်နှင့် နိုဝင်ဘာ ၅ရက်က ပေကျင်းမြို့တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးဖ်က ရုရှားအပေါ် သြဇာလွှမ်းမိုးဖိအားပေးရန် တရုတ်ကို တိုက်တွန်းလိုက်သည်။

စီးပွားရေးအရ ဆက်ဆံမှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများဖြစ်ပေါ်နေသလို သွားရောက်သည့်အချိန်ကာလအပေါ် အငြင်းပွားစရာများ ဖြစ်နေပြီး ရုရှားကို တရုတ်က တိတ်တဆိတ် ထောက်ခံအားပေးမှုကြောင့် ရှိုးဖ်၏ တရုတ်သို့ တစ်ရက်ကြာခရီးစဉ်က ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ရှီသည် အောက်တိုဘာလက ကျင်းပသော ကွန်မြူနစ်ပါတီညီလာခံတွင် ၎င်း၏ အာဏာရှင်အုပ်စိုးမှုကို ပိုမို ခိုင်မြဲစေကာ ရုရှားအား ဝေဖန်ရန် ဆက်လက်ငြင်းဆန်နေချိန်တွင် ယင်းကိစ္စသည်လည်းဖြစ်ပေါ်လျက်ရှိသည်။

ရှိုးဖ်၏ ခရီးစဉ်သည် အထူးသဖြင့် မော်တော်ယာဉ်နှင့် ထုတ်လုပ်မှုကဏ္ဍများတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်သော တရုတ်နှင့် ဂျာမနီ၏ ကုန်သွယ်မှု ဆက်ဆံရေး၏ အရေးပါမှုကို ထင်ဟပ်စေသည်။

Mercedes Benz သည် ၂၀၂၁ခုနှစ်က တရုတ်တွင် ကားအစီးရေ ၇၅၈,၈၆၃ စီး ရောင်းချခဲ့ရပြီး အခြားနိုင်ငံများ တွင် ရောင်းချရသည့် အရေအတွက်ထက် ပိုများကြောင်း ကုမ္ပဏီ၏ ကိန်းဂဏန်းများက ဖော်ပြနေသည်။

ထိပ်တန်းဂျာမန်စီးပွားရေးခေါင်းဆောင်များစွာနှင့် ခရီးထွက်လာသည့် ရှိုးဖ်သည် ပေကျင်းမြို့လယ်ရှိ ပြည်သူ့ ခန်းမဆောင်တွင် မကြာသေးမီက အာဏာရ ကွန်မြူနစ်ပါတီ၏ တတိယသက်တမ်းအတွက် ပြန်လည်ခန့်အပ် ခံရသည့် ရှီက တရားဝင်လက်ခံကြိုဆိုခဲ့သည်။

“အင်အားကြီးနိုင်ငံများအနေဖြင့် တရုတ်နှင့် ဂျာမနီတို့ သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုပါဝင်ကူညီရန် အပြောင်းအလဲနှင့် မတည်မငြိမ်ကာလမှာ အတူတကွ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ လက်ရှိမှာ နိုင်ငံတကာ အခြေအနေတွေက ရှုပ်ထွေးပြီး အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်” ဟု ရှီက ရှိုးဖ်ကို ပြောကြားခဲ့ ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း CCTV မှ ဖော်ပြခဲ့သည်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required