ယူကရိန်း အရှေ့ပိုင်းတွင် ရုရှတို့ အကြီးအကျယ် ထိခိုက်ဆုံးရှုံးမှုများ ရှိနေဟု ဇယ်လန်စကီး ပြော

ယူကရိန်း အရှေ့ပိုင်းတွင် ရုရှတို့ အကြီးအကျယ် ထိခိုက်ဆုံးရှုံးမှုများ ရှိနေဟု ဇယ်လန်စကီး ပြော

နိုဝင်ဘာ ၇

ယူကရိန်း၏ အရှေ့ပိုင်း ဒွန်နက်စ် ဒေသတွင် တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေရာ ရုရှတို့ ထိခိုက်ဆုံးရှုံးမှုများနှင့် အကြီးအကျယ် ခံစားနေရကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက နိုဝင်ဘာ ၆ ရက်တွင်ပြောသည်။

တစ်ချိန်တည်းမှာပင် ရုရှသည် ယူကရိန်း၏ စွမ်းအင် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားပြီး နောက်ထပ် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ဇယ်လန်စကီးက ပြောသည်။

“ဒွန်နက်စ်ဒေသမှာ ရုရှဟာ အပြင်းအထန် တိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်။ အဲဒီမှာ ရန်သူဟာ ထိခိုက်ဆုံးရှုံးမှုတွေနဲ့ အပြင်းအထန် ခံစားနေရတယ်” ဟု ဇယ်လန်စကီးက ၎င်း၏ ညပိုင်း ဗီဒီယို မိန့်ခွန်းတစ်ခုတွင် ပြောသည်။

ရုရှသည် တပ်ဖွဲ့များကို စုစည်းနေသည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်းနှင့် မိမိတို့၏ အခြေခံအဆောက်အအုံအပေါ် တိုက်ခိုက်မှုများ ထပ်လုပ်ရန် ရည်ရွယ်နေပုံရကြောင်း ဇယ်လန်စကီးက ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly