တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ် ၄ လုံး ပျက်စီး

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ် ၄ လုံး ပျက်စီး

အောက်တိုဘာလ ၃၀ ရက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းကျေးရွာ တွင် ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်တပ်ပေါင်းစု စစ်ကြောင်း (၂)မှ ဘက်မလိုက် ပြောက်ကျားနှင့် တောင်ပိုင်း သူရဲကောင်းများ ကာကွယ်ရေး အင်အားစု Southern Warriors Defense Force (SWDF) တို့သည် နှစ် နာရီနီးပါးကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် လေးလုံး ထိခိုက် ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“တိုက်ပွဲမှာ နှစ်ဖက် ထိခိုက်မှု ရှိပါတယ်။ စစ်တပ် ဘက်က ပျူစောထီး တစ်ဦး ထိခိုက် ဒဏ်ရာရသလို PDF ရဲဘော် တစ်ဦးလည်း လက်နက်ကြီး ယမ်းစ ထိခိုက်မှုကြောင့် မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့တယ်”ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ထုံခါ၊ ကျောက်တစ်လုံး၊ မြေမအုံ၊ ပြင်ဝန်း၊ ဆင်ဒင်း၊ ဘန်းလမွတ်နှင့် မောတုန်းဖက်တို့ကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကူအဖြစ် ထပ်မံစစ်ကြောင်းထိုး ရောက်ရှိနေ၍ ဒေသခံ ပြည်သူ ၄၀၀ နီးပါး သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly