UBP ပါတီကို ဖျက်သိမ်းရန် တင်ပြထားကြောင်း သူရဦးရွှေမန်း ပြော

UBP ပါတီကို ဖျက်သိမ်းရန် တင်ပြထားကြောင်း သူရဦးရွှေမန်း ပြော

အောက်တိုဘာ ၁၂

မဇ္ဈိမ။ ။ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ(UBP)ကို ဖျက်သိမ်းရန် တင်ပြထားကြောင်း သူရဦးရွှေမန်းက ပြောသည်။

ပါတီတွင် လုပ်ကိုင်နေသည့် ခေါင်းဆောင်အချို့မှာ အသက်ကြီးလာခြင်း၊ လူမှုရေးနှင့် အခြားအခက်အခဲများ ရှိလာသဖြင့် ဖျက်သိမ်းရန် ဗဟိုအလုပ်အမှုဆောင်များက သဘောတူခဲ့သည်ဟု ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောသည်။

"ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို အောက်တိုဘာ ၁၁ရက်မှစတင်ပြီး ဖျက်သိမ်းရန် သက်ဆိုင်ရာသို့ တင်ပြထားပါသည်" ဟု သူရဦးရွှေမန်းက ဆိုသည်။

ပါတီ စတင်တည်ထောင်စဉ်ကတည်းက လူအားငွေအား စိုက်ထုတ်ကာ ပါဝင်ကူညီခဲ့သူများကို ကျေးဇူးတင်ကြောင်း ဦးရွှေမန်းက ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်းနှင့် ဦးသိန်းစိန်အစိုးရလက်ထက် ပြည်သူ့လွှတ်တော်၊ လွှတ်တော်ဥက္ကဋ္ဌဟောင်းဖြစ်သူ သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တည်ထောင်ထားသည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ကို ၂၀၁၉ ဧပြီ ၂၅ ရက်တွင် တရားဝင်ပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ယင်းပါတီမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမျှ အနိုင်မရရှိခဲ့ပေ။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#အထွေထွေရွေးကောက်ပွဲ

#UBP

#ဗဟိုအလုပ်အမှုဆောင်များ

#သူရဦးရွှေမန်း

#ဖျက်သိမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required