ယင်းမာပင်မြို့ ရွှေတောင်ဦးကုန်းမှ ဝမ်ပေါင်သို့ကြေးနီသယ်သည့်ကားကို လုံခြံရေးယူပေးသည့် စစ်ကောင်စီယာဉ် တိုက်ခိုက်ခံရ

ယင်းမာပင်မြို့ ရွှေတောင်ဦးကုန်းမှ ဝမ်ပေါင်သို့ကြေးနီသယ်သည့်ကားကို လုံခြံရေးယူပေးသည့် စစ်ကောင်စီယာဉ် တိုက်ခိုက်ခံရ

မဇ္ဈိမ။ ။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ၊ရွှေတောင်ဥဦးကုန်းမှ ဝမ်ပေါင်သို့ ကြေးနီသယ်သည့်ကားကို လုံခြံရေးလိုက်ပါလာသော စစ်ကောင်စီကားသုံးစီးအား စက်တင်ဘာလ ၃၀ရက်နေ့ မနက်၉နာရီ၃၀မိနစ်အချိန်တွင် ရှေ့ထွက်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီယာဉ် သုံးစီးနှင့် စစ်ကောင်စီခြေလျင်အင်အား ၇၀ခန့်မှာ ဝမ်ပေါင်မှ ပြန်အထွက်တွင် ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသောမိုင်းများအားတွေ့ရှိပြီး သေနက်ဖြင့်ပစ်၍ ဖောက်ခွဲနေချိန်တွင် ရှေ့ထွက်ပြောင်း မိုင်တဲမမ ခြောက်လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ထောင်ထားတဲ့မိုင်းတွေကိုတွေ့တော့ ဒီကောင်တွေက သေနက်နဲ့ ပစ်ခွဲနေတဲ့အချိန် ကျွန်တော်တို့က မိုင်းလုံးကြီးပဲ ထောင်ထားတာမဟုတ်ဘူး။ ရှေ့ထွက်ပြောင်းတွေလည်း ပါတယ်။ ရှေ့ထွက်ပြောင်းတိုက် ခြောက်လုံးနဲ့ပစ်လိုက်တော့ ကားတစ်စီးထိသွားတယ်။ ကားကအဲ့နားမှာ ပျက်နေတာအကြာကြီးပဲ။ မီးကအကုန်လောင်သွားတာတော့ မဟုတ်ဘူး။ ကားထဲကတော့ မီးခိုးလုံးတက်သွားတယ်"ဟု One Star Task Force-OSTF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရှေ့ထွက်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီမှ တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီကားတစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူအချိန်တွင်ပင် မန္တလေး ကောဝန်ဆိပ်ကမ်းမှ ထွက်လာသော စစ်ကောင်စီ သင်္ဘော၊သံချပ်ကာသင်္ဘောနှင့် စစ်ကောင်စီ၏ ဖလပ်ခွံရေယာဥ်တို့အား ဆင်ဖြူရှင်တံတားအနီးတွင် ပစ်ခက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ကာ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လေးဦးခန့် ထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။

ယင်းလုပ်ဆောင်မှုအားOne Star Task Force-OSTF အဖွဲ့၊မိုးသောက်ကြယ်အဖွဲ့၊Killer United အဖွဲ့၊Fighter Brother Force မဟာမိတ်တပ်ပေါင်းစုတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required