နတ်ဆိုးစစ်တပ် အမြစ်ဖြတ်ဖို့(ဆောင်းပါး)

27 September 2022
နတ်ဆိုးစစ်တပ် အမြစ်ဖြတ်ဖို့(ဆောင်းပါး)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင် တော်လှန်ရေးက ရှေ့တုန်းက မဆလ
အာဏာရှင်စနစ်နဲ့ နဝတ/နအဖ စစ်အာဏာရှင်စနစ် တော်လှန်ရေးတို့နဲ့မတူတဲ့ ကွဲပြားထူးခြားချက်တစ်ခု
ရှိပါတယ်။ အားလုံးလည်း သိကြပြီးဖြစ်မှာပါ။ ဘာလဲဆိုတော့ တိုင်းရင်းသား လူမျိုးစုတွေရဲ့
‘ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှခွင့်’အတွက် တော်လှန်ရေးတွေနဲ့ အခု စစ်အာဏာရှင်စနစ်
တော်လှန်ရေးကို တွဲဆက်လာတာပဲ ဖြစ်ပါတယ်။ ‘ဗမာလူမျိုးကြီးဝါဒ’ကိုအခြေခံပြီး
ဘာသာရေးမှိုင်းနဲ့ပိတ်၊ စနစ်တကျ တည်ဆောက်ထားတဲ့ မြန်မာစစ်တပ်ဟာ တိုင်းပြည်ရဲ့
ဖြစ်ပျက်နေမှုအရာရာတိုင်းရဲ့ အဓိက ‘တရားခံ’ဆိုတာမှာ ဘုံသဘောတူညီချက်
ရသွားတဲ့သဘောမျိုးပါပဲ။ ဒီနေရာမှာ စစ်တပ်အသိုင်းအဝန်းတင်မက ဗမာလူမျိုးတွေကိုယ်တိုင်လည်း
တိုင်းရင်းသား အရေးကိစ္စတွေနဲ့ပတ်သက်ရင် အထိုက်အလျောက် ဝါဒမှိုင်းမိတာ ဝန်ခံရမှာပါ။
အထူးသဖြင့် အခု စစ်အာဏာသိမ်းမှု မတိုင်ခင်ထိပေါ့။ ‘သံသယပျောက်ပြီး
အမှန်ဘဝရောက်ကြတယ်’လို့ ဆိုရမှာဖြစ်ပါတယ်။ ကောင်းသောပြောင်းလဲခြင်းတွေလို့ မှတ်ယူရမှာပါ။ 
#Politics
#MizzimaTV 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly