“အကြမ်းမဖက်ဆန့်ကျင်ခြင်း မပူးပေါင်းခြင်းတို့၏ မောင်းနှင်ချက်များ”စာတမ်းကို အွန်လိုင်းစနစ်ဖြင့် ထုတ်ဝေဖြန့်ချိ

“အကြမ်းမဖက်ဆန့်ကျင်ခြင်း မပူးပေါင်းခြင်းတို့၏ မောင်းနှင်ချက်များ”စာတမ်းကို အွန်လိုင်းစနစ်ဖြင့် ထုတ်ဝေဖြန့်ချိ

စက်တင်ဘာလ ၂၄ ရက်

မြန်မာ့နွေဦးတော်လှန်ရေးဖြစ်စဉ်အတွင်းမှ ပြည်သူများ၊ တော်လှန်ရေးအစုအဖွဲ့များကြားက ပေါက်ဖွားလာသည့် အကြမ်းမဖက်အာဏာဖီဆန်ခြင်းအကြောင်း၊ အကြမ်းမဖက်အာဏာဖီဆန်ခြင်းအပေါ် ဆွေးနွေးချက်များ၊ သမိုင်းအဆက်ဆက်တော်လှန်ရေးတွေထဲက အကြမ်းမဖက်အာဏာဖီဆန်ခြင်း စသည့်အကြောင်းအရာများကို ထဲထဲဝင်ဝင်သိရှိနိုင်ဖို့ “အကြမ်းမဖက်ဆန့်ကျင်ခြင်း၊ မပူးပေါင်းခြင်းတို့၏ မောင်းနှင်ချက်များ” စာတမ်းကို ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ အွန်လိုင်းစနစ်ဖြင့် ထုတ်ဝေဖြန့်ချိလိုက်ကြောင်းသိရသည်။

“ ဒီစာတမ်းက အဓိကအားဖြင့် CDMလှုပ်ရှားမှုအပေါ်ကို ချဉ်းကပ်ထားတာဖြစ်တယ်၊ ကျနော်တို့ ဉာဏ်လင်းသစ်အနေနဲ့ကတော့ နိုင်ငံတော်လုံခြုံရေးဆိုတာတွေ ပုဂ္ဂလိက လူတစ်ယောက်ချင်းစီရဲ့ လုံခြုံရေးပေါ့နော်၊ အဲ့ဒါကို ပိုပြီးအလေးထားပါတယ်၊ ဒီရှုထောင့်ကနေပဲ CDMလှုပ်ရှားမှုအပေါ်ကို ကျနော်တို့ချဉ်းကပ်ပြီးတော့ ရေးသားတာဖြစ်ပါတယ်”ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၎င်းမှ ဆက်လက်ပြီး “ကျနော်တို့ ဒီလုပ်ငန်းစဉ်ကတော့ CDMလှုပ်ရှားမှုအပေါ်ကို ပထမဆုံးလေ့လာတဲ့အဆင့်ပေါ့နော်၊ ကျနော်တို့ ဒါရေရှည်အနေနဲ့ ကျနော်တို့ အသွင်ကူးပြောင်းရေးကာလမှာပေါ့၊ ဒီတော်လှန်ရေးကြီး ပြီးသွားပြီ ကျနောတို့လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ပြန်လည်ပြီးတော့ စုစည်းနိုင်ပြီ ဆိုတဲ့ အချိန်မှာ ကျနော်တို့ ဒီပဋိပက္ခတွေကို လျှော့ချနိုင်ဖို့၊ ခွဲခြားဆက်ဆံမှုမရှိတဲ့ လူ့အသိုင်းအဝိုင်းကို ထူထောင်ဖို့ ရည်ရွယ်ပါတယ်၊ ကျနော်တို့ ရည်ရွယ်ချက်က ခရီးရှည်ချီတက်ရမှာဖြစ်တယ်၊ ဘယ်အချိန်မှာပြီးမလဲဆိုတာတော့ တကယ်ကို ပြည်ထောင်စုကြီး ထူထောင်နိုင်တဲ့အချိန်မှာ ပြီးမယ်ပေါ့နော်၊ ကျနော်တို့တော်လှန်ရေးကြီးပြီးပြီးတော့ ပြန်လည်တည်ဆောက်ရေး နောက်တစ်ခါ တရားမျှတမှုဖော်ဆောင်ရေးပေါ့နော်၊ အဲ့ဒါတွေ ပြီးမှ ပြီးမယ်လို့တော့ ကြိုပြောချင်တယ်၊ လက်ရှိထွက်တဲ့ စာတမ်းကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ CDMလုပ်ရှားမှုတွေ ဗမာပြည်မှာရှိတဲ့ CDMလှုပ်ရှားမှုတွေ ဒါတွေကို လေ့လာချဉ်းကပ်ပြီးတော့ စာတမ်းအနေနဲ့ ထုတ်ဝေတာဖြစ်တယ်”ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစာတမ်းကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်ပြီး Nyan Lynn Thit Analytica ဖေ့ဘွတ်စာမျက်တွင် ဒေါင်းလုပ်ရယူနိုင်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly