တရုတ်သို့ ချစ်ပ်ပြားနှင့်ကိရိယာတင်ပို့မှု ကန့်သတ်ချက်များကို အမေရိကန်အစိုးရက တိုးမြှင့်လုပ်ဆောင်

တရုတ်သို့ ချစ်ပ်ပြားနှင့်ကိရိယာတင်ပို့မှု ကန့်သတ်ချက်များကို အမေရိကန်အစိုးရက တိုးမြှင့်လုပ်ဆောင်

ဉာဏ်ရည်တုနှင့် ချစ်ပ်ပြားပြုလုပ်သည့်ကိရိယာများအတွက် လိုအပ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအား အမေရိကန်က တရုတ်သို့ တင်ပို့မှုအပေါ် ကန့်သတ်ချက်များကို  သမ္မတ ဂျိုင်းဘိုင်ဒင် အစိုးရက အောက်တိုဘာလတွင် တိုးမြှင့်လုပ်ဆောင် သွားမည်ဟု အဆိုပါကိစ္စနှင့်နီးစပ်သူများက ပြောကြားသည်။

၂၀၂၂ခုနှစ်အစောပိုင်းတွင်အမေရိကန်ကုမ္ပဏီ၃ခုဖြစ်သည့် KLA Corp၊ Lam Research Corp နှင့် Applied Materials Inc တို့ထံ ယခုနှစ်အစောပိုင်းကပေးပို့ထားသော ကန့်သတ်ချက်များအပေါ် အခြေခံထားသော စည်းမျဉ်းအသစ်များကိုထုတ်ပြန်ရန် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနကရည်ရွယ်ထားကြောင်း အမည်မဖော်လိုများက ပြောကြားခဲ့သည်။

ကုမ္ပဏီများမှ လူသိရှင်ကြားဖော်ပြသည့်စာများတွင် ရောင်းချသူများသည် ကူးသန်းရောင်းဝယ်ရေးဌာန လိုင်စင်များမရရှိပါက အဆင့်မြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်သည့်တရုတ်စက်ရုံများသို့ ချစ်ပ်ပြားပြုလုပ်သည့် ကိရိယာများတင်ပို့ခြင်းကိုတားမြစ်ထားသည်။

စည်းမျဉ်းများသည် Nvidia Corp နှင့် Advanced Micro Devices (AMD) ထံသို့ သြဂုတ်လက ပေးပို့ခဲ့သည့် ဌာနဆိုင်ရာစာများတွင်ကန့်သတ်ချက်များကိုလိုက်နာသည့်အနေဖြင့်ကုမ္ပဏီအားလိုင်စင်မရရှိပါက တရုတ်သို့ဉာဏ်ရည်တုတွက်ချက်သည့်ချစ်ပ်များစွာတင်ပို့ရောင်းချခြင်းမပြုရန်ညွှန်ကြားထားသည်။

အဆိုပါစည်းမျဉ်းများတွင်တရုတ်အပေါ်နောက်ထပ်အရေးယူမှုများပါဝင်နိုင်ဖွယ်ရှိသည်ဟု အချို့သော သတင်းရင်းမြစ်များက ပြောကြားသည်။  

ယင်းတားမြစ်ချက်များသည် ပြောင်းလဲနိုင်ပြီး မျှော်လင့်ထားသည်ထက် နောက်ကျပြီးမှထုတ်ပြန်သည့်စည်းမျဉ်းများဖြစ်သည်။

 “အကြောင်းကြားသည်” ဟုသုံးနှုန်းထားသောစာများသည်ကုန်သွယ်ရေးဌာနအားထိန်းချုပ်မှုများကိုလျင်မြန်စွာထည့်သွင်းရန်ရှည်လျားသောစည်းမျဉ်းရေးသားခြင်းလုပ်ငန်းစဉ်များကိုကျော်လွှားသွားနိုင်သော်လည်း စာများသည်လက်ခံသည့်ကုမ္ပဏီများနှင့်သာသက်ဆိုင်သည်။
 စာများကိုစည်းမျဉ်းများအဖြစ်ပြောင်းလဲခြင်းသည်ယင်းတို့၏အတိုင်းအတာကိုကျယ်ပြန့်စေပြီးအလားတူနည်းပညာကိုထုတ်လုပ်သည့်အခြားအမေရိကန်ကုမ္ပဏီများကိုကန့်သတ်ချက်များအဖြစ်သတ်မှတ်နိုင်သည်။
 
စည်းမျဉ်းများသည်Nvidiaနှင့် AMD တို့လွှမ်းမိုးထားသည်ဉာဏ်ရည်တုချစ်ပ်များလုပ်ငန်းပိုင်းတွင် စိန်ခေါ်ရန်ကြိုးစားနေသည့်ကုမ္ပဏီများအတွက်သက်ရောက်နိုင်ချေရှိသည်။
 
စည်းမျဉ်းများသည်ပစ်မှတ်ထားသောချစ်ပ်များပါရှိသောထုတ်ကုန်များကိုလည်းတရုတ်သို့တင်ပို့မှုတွင်လိုင်စင်လိုအပ်ချက်များကိုလည်းချမှတ်နိုင်ကြောင်းသတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။ 

Dell Technologies၊ Hewlett Packard Enterprise နှင့် Super Micro Computer တို့သည်Nvidia၏ A100 ချစ်ပ်ပါရှိသောဒေတာစင်တာဆာဗာများကိုပြုလုပ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required