ရေဦးမြို့ KBZ Bank ဓာတ်အားပေး ထရမ်စဖော်မာအား ဖောက်ခွဲဖျက်ဆီး

ရေဦးမြို့ KBZ Bank ဓာတ်အားပေး ထရမ်စဖော်မာအား ဖောက်ခွဲဖျက်ဆီး

စက်တင်ဘာလ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ နာရီစင်အနီးရှိ KBZ Bank မှ ဓာတ်အားပေးထရမ်စဖော်မာအား စက်တင်ဘာလ၂၂ ရက်နေ့လယ် ၁၁နာရီ ၄၅မိနစ် အချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

"သူတို့အစောင့်လစ်တုန်း ဝင်ကပ်ခဲ့တာ၊ ခွဲပြီးနောက်ပိုင်း အစစ်အဆေးကြမ်းတယ်၊ လူထိခိုက်မှုတော့မရှိဘူး၊ ကင်းပုန်းတွေပတ်ချထားတယ်၊ မီးတော့သုံးမရတော့ဘူး"ဟု YE U-People Defence Force အဖွဲ့တာဝန်ရှိသူက ပြောသည်။

ဖောက်ခွဲမှုကြောင့် လူထိခိုက်မှုမရှိဘဲ ဘဏ်၏ဓာတ်အားပေးစနစ်ပြတ်တောက်ကာ မီးအသုံးပြု၍မရတော့ကြောင်းနှင့် ဖောက်ခွဲဖျက်ဆီးပြီးချိန်တွင် စစ်ကောင်စီမှ စစ်ဆေးမှုများပြုလုပ်ကာ ကင်းပုန်းများ ချထားကြောင်းသိရသည်။

KBZ Bank သည် စစ်ကောင်စီ၏အကြီးမားဆုံး ဒေါက်တိုင်အနေဖြင့်ရပ်တည်နေပြီး ပြည်သူများ၏ ချွေးနှဲစာငွေကြေးများကို လုယူနေသော လုပ်ရပ်အား ရပ်တန်းကရပ်ရန် သတိပေးထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly