ကန်ပက်လက်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားသေဆုံးမှုရှိဟုဆို

ကန်ပက်လက်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားသေဆုံးမှုရှိဟုဆို

September 22

မဇ္စျိမ ။ ။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားငါးဦး ထက်မနည်း သေဆုံးကာ ကျည်ဆန်များသိမ်းဆည်းရမိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) က စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။

စက်တင်ဘာ ၂၀ ရက်နေ့ ညနေ ၃ နာရီမှ စတင်ပြီး ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်သို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် တစ်နာရီအကြာ နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲပြီးသည့်နောက် ကာကွယ်ရေးတပ်မှ စစ်ကောင်စီတပ်သား အလောင်းသုံးလောင်းကို င်္သဂြိုဟ်ပေးခဲ့ရပြီး နယ်မြေရှင်လင်းမှုပြုလုပ်စဉ် MA ကျည်ဆန် ၂၀၁ တောင့်၊ ၄၀ မမ သုံးလုံးနှင့် ကျည်ကာတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

သို့သော် တိုက်ပွဲဖြစ်သည့်အနေရာအတိအကျနှင့် ကျန်ရှိသော ထိခိုက်၊ သေဆုံးခဲ့ရသည့် စစ်ကောင်စီတပ်သားများ၏ အခြအနေအနေကိုမူ ထုတ်ပြန်ချက်တွင်ထည့်သွင်း ရေးသားထားခြင်းမရှိပေ။

အလားတူကာကွယ်ရေးတပ်များအနေဖြင့် စစ်တင်ဘာ ၁၁ ရက်နေ့မှစတင်ပြီး CDF – Kanpetlet , Kkei Sing တပ်ရင်းနှင့် မဟူရာတပ်ရင်းတို့ပူးပေါင်းကာ နယ်မြေရှင်လင်းရေးကိစ္စများကို ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းသို့ နယ်မြေရှင်လင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့မှ သတင်းရရှိပြီး စစ်ကြောင်း ထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်။

နောက်ဆုံးစုံစမ်းသိရှိရသောသတင်းများအရ စစ်ကောင်စီတပ်မှ စစ်ကြောင်း ဆက်လက်ထိုးလာနေပြီး အနီးဝန်းကျင်ရှိ ပြည်သူများသည်လည်း စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ကန်ပက်လက်

#ချင်းပြည်နယ်

#ပြည်သူ့ကာကွယ်ရေးတပ်

#စစ်ကြောင်းထိုး

#တိုက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly