ရန်ကုန်တွင် “အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ဘယ်တော့မှမငြိမ်းချမ်းဘူး” စာတန်းချိတ်ဆွဲ၍ လှုံ့ဆော်

ရန်ကုန်တွင် “အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ဘယ်တော့မှမငြိမ်းချမ်းဘူး” စာတန်းချိတ်ဆွဲ၍ လှုံ့ဆော်

စက်တင်ဘာလ ၂၁ ရက်

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီးပတ်လမ်းတစ်နေရာတွင် Yangon Revolution Force - YRF (Soft Strike Community) က "အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ဘယ်တော့မှမငြိမ်းချမ်းဘူး" စာတန်းတစ်ခုကို ယနေ့ စက်တင်ဘာလ၂၁ ရက် နံနက်ပိုင်းက ချိတ်ဆွဲ၍ လှုံ့ဆော်ခဲ့ကြသည်။

ယနေ့ကျရောက်သည့် “ကမ္ဘာ့ငြိမ်းချမ်းရေးနေ့”တွင် Yangon Revolution Force - YRF (Soft Strike Community)မှ လူငယ်များက မြန်မာလူထုကိုယ်စား လှုံ့ဆော်ပြသခဲ့ခြင်းဖြစ်သည် ဟု ထုတ်ပြန်ထားသည်။

စာတန်းချိတ်ဆွဲခြင်း ရည်ရွှယ်ချက်သည် ယနေ့ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်မှ နည်းလမ်းမျိုးစုံဖြင့် နေ့စဉ် အကြမ်းဖက်မှုများ ကျူးလွန်နေသောကြောင့် မြန်မာပြည်မှာမူ မငြိမ်းချမ်းနေကြောင်း နိုင်ငံအရပ်ရပ်ကို သိစေလိုခြင်းဖြစ်ပြီး မြန်မာပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း ငြိမ်းချမ်းမှု စစ်စစ်ရယူရန်အတွက် အာဏာရှင်စနစ်ကို အမြစ်ဖြတ်မှရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် လူထုတစ်ရပ်လုံးအနေဖြင့်လည်း အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ၊ ဘယ်တော့မှ မငြိမ်းချမ်းဘူး ဆိုသည့်စကားရပ်ကို သတိချပ်ကာ ဖက်ဆစ်အာဏာရှင်စနစ်ကို အဆုံးထိ တော်လှန်တိုက်ထုတ်ကြရန် ထပ်မံအသိပေး လှုံ့ဆော်ထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly