ချင်းအမျိုးသားအဖွဲ့ချုပ် (CNO ) မှ ကျောင်းသုံး ပုံနှိပ်စာအုပ်များ မကြာမီဖြန့်ဝေမည်

By ဆလိုင်းဗန်
19 September 2022
ချင်းအမျိုးသားအဖွဲ့ချုပ် (CNO ) မှ ကျောင်းသုံး ပုံနှိပ်စာအုပ်များ မကြာမီဖြန့်ဝေမည်

စက်တင်ဘာ ၁၉

ဖလမ်း (မဇ္ဈိမ )။ချင်းအမျိုးသားအဖွဲ့ချုပ် (CNO ) ထိန်းချုပ်နယ်မြေအတွင်းရှိ ကျောင်းသား/ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များကို CNO ပညာရေးဌာနဦးဆောင်မှုဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များထုတ်ဝေလျက်ရှိပြီး မကြာမီအချိန်အတွင်း ကျောင်းသုံးပုံနှိပ်စာအုပ်များကို ကျေးရွာအသီးသီးရှိကျောင်းများသို့ သင်ကြားရေးအတွက် အသုံးပြုနိုင်ရန် ဖြန့်ဝေ တော့မည်ဟု သိရသည်။

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO )သည် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းပြည်သူ့အုပ်ချုပ်ရေးအတွက်လိုအပ်သည့် ပြည်ထဲရေး၊ ကျန်းမာရေး၊ပညာရေးဌာနများဖွဲ့စည်းထားရှိပြီး အစိုးရတစ်ခု၏ ယန္တာရားအတိုင်းလည်ပတ်သင့်သည်များကို လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

'' မကြာမီအချိန်အတွင်း ကျောင်းသုံးပုံနှိပ်စာအုပ်တွေကို ကျေးရွာအသီးသီးမှာရှိတဲ့ စာသင်ကျောင်းတွေမှာ သင်ကြားရေးအတွက် အသုံးပြုနိုင်ဖို့ဖြန့်ဝေ တော့မှာပါ။ ကျောင်းသင်ရိုးတွေကတော့ အရင်အစိုးလက်ထက်က သင်ရိုးသစ်ပါပဲ။ တစ်ခုရှိတာက သမိုင်းဘာသာရပ်မှာတော့ ချင်းတွေနဲ့ အပ်စပ်မှု မရှိတာတွေကို ပယ်ထားပါတယ်။ နောက်ပြီးတစ်ခု ထပ်တိုးထားတာက USA ကနေ ဝယ်ထားတဲ့ ကျမ်းစာသင်ရိုးပါ။ အဲဒါအပြင် ချင်းစာသင်ရိုး လည်းပါဝင်လာမယ်။''ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO )မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO )သည် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့ကလည်း ချင်းပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ကို လည်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ချင်းအမျိုးသားအဖွဲ့ချုပ်

#ထိန်းချုပ်နယ်မြေ

#ကျောင်းသုံးပုံနှိပ်စာအုပ်

#ချင်းပြည်သူ့ရဲတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly