ဒလိုင်းလားမားအား ဆက်ခံသူကို ရွေးချယ်ရေးအတွက် တရုတ်အစိုးရတွင်သာ အခွင့်အာဏာရှိကြောင်း ပြောကြား

By ANI
10 September 2022
ဒလိုင်းလားမားအား ဆက်ခံသူကို ရွေးချယ်ရေးအတွက် တရုတ်အစိုးရတွင်သာ အခွင့်အာဏာရှိကြောင်း ပြောကြား
Photo: EPA

ဒလိုင်းလားမား လူဝင်စားခြင်းသည် တိဗက်လူမျိုးများ၏ အရေးအရာသာဖြစ်ကြောင်းဖော်ပြထားသည့် အမေရိကန်-တိဗက်မူဝါဒကို ဆန့်ကျင်ပြီး ၁၄ ဆက်မြောက် ဒလိုင်းလားမား တန်ဇင်းယာဆို၏ အရိုက်အရာ ဆက်ခံခြင်းအတွက် တစ်ဦးတည်း ရွေးချယ်ပိုင်ခွင့်သည် တရုတ်အစိုးရတွင်သာရှိကြောင်း အခိုင်အမာပြောကြားလိုက်သည့် တရုတ်အစိုးရက အမျိုးမျိုးသော အစီအစဉ်များ၊ ပရိယာယ်များနှင့် နည်းဗျူဟာများကို ဖော်ဆောင်နေသည်။

ပညာရှင်အဖွဲ့ဖြစ်သော မူဝါဒ သုတေသနအဖွဲ့(POREG) ၏ အဆိုအရ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် နောက်လာမည့် ဒလိုင်းလားမားကို ရွေးချယ်ရာတွင် အခွင့်အာဏာ အပြည့်အဝ ရှိသည်ဟု အခိုင်အမာ ဆိုထားသည်။

လက်ရှိ ဒလိုင်းလားမား တန်ဇင်း ယာဆို ၂ နှစ်သားအရွယ်တွင် အရိုက်အရာဆက်ခံသူအဖြစ်သတ်မှတ် ခံခဲ့ရသည်။

ငယ်စဉ်ကလေးဘဝကတည်းက သူ့ချစ်လှစွာသောတိဗက်ကို ချုပ်ကိုင်ထားသည့် အင်အားကြီးတရုတ်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရုံသာမက သူနှင့် အခြားတိဗက်လူမျိုးအချို့သည် အိန္ဒိယတွင် အဝေးရောက်အဖြစ် နေထိုင်နေရသည်။

အိန္ဒိယတွင်နေထိုင်ပြီးကတည်းက တိဗက်ဘာသာရေးခေါင်းဆောင်ဖြစ်သူ ဒလိုင်းလားမားအား 'သင်္ကန်းဝတ် ထားသော ဝံပုလွေ' ဟုခေါ်ဆိုခြင်းကဲ့သို့သော ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှုများဖြင့် မကြာခဏ တိုက်ခိုက်ခဲ့သည်။ ထို့ပြင် အကြမ်းဖက်သမား၊ ခွဲထွက်ရေးသမားဟုပင် တရုတ်က ခေါ်ဝေါ်ကာ ၎င်းကို ထောက်ခံသူများကို ‘ဒလိုင်း ဂိုဏ်း’ ဟု ပင်ခေါ်ဝေါ် သုံးစွဲခဲ့သည်။

နောင်လာမည့် ဒလိုင်းလားမားကို မည်သို့ရွေးချယ်မည်ကို ဆုံးဖြတ်ရန် တရုတ်အာဏာပိုင်များက အမိန့်ကြေညာ စာများ ထုတ်ပြန်လေ့ရှိသည်။

ယင်းအမိန့်အရ နောင်တွင် အရိုက်အရာဆက်ခံမည့် ဒလိုင်းလားမားအတွက် ခွင့်ပြုချက်လျှောက်လွှာကို တရုတ်ရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းများအားလုံးတွင် ၎င်းအား အသိအမှတ်မပြုမီတွင် ဖြည့်စွက်ရမည်ဖြစ်သည်။

ထို့ကြောင့် တရုတ်အစိုးရသည် ဒလိုင်းလားမား ရွေးချယ်မှုတွင် နောက်ဆုံးဆုံးဖြတ်မည့် ခုံရုံး အဖြစ် သတ်မှတ်ထားခြင်းက ပြည်တွင်းပြည်ပရှိ တိဗက်လူမျိုးများအား အထိတ်တလန့်ဖြစ်စေမည်မှာ အမှန်ပင် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly