အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ရေမျှဝေသုံးစွဲရေး သဘောတူစာချုပ်ကို ၂၅ နှစ်အတွင်း ပထမဆုံး လက်မှတ်ရေးထိုး

By Economic Times
10 September 2022
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ရေမျှဝေသုံးစွဲရေး သဘောတူစာချုပ်ကို ၂၅ နှစ်အတွင်း ပထမဆုံး လက်မှတ်ရေးထိုး

အိန္ဒိယနှင့် တောင်အာရှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ကူရှီယာရာမြစ်အတွက် ကြားဖြတ် ရေမျှဝေရေး သဘောတူညီချက်ကို စက်တင်ဘာ ၆ ရက်က လက်မှတ်ရေးထိုးလိုက်သည်။

၁၉၉၆ ခုနှစ်တွင် ဂင်္ဂါမြစ်ရေ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် နှစ်နိုင်ငံအကြား ပထမဆုံးသော စာချုပ်ဖြစ်သည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် မြစ်ပေါင်း ၅၄စင်းကို ဝေမျှပိုင်ဆိုင်ထားပြီး အနောက်ဘင်္ဂလားဝန်ကြီးချုပ် မာမာတာ ဘနာဂျီ၏ ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်ဆိုင်းနေသည့် Teesta ရေမျှဝေရေး သဘောတူညီချက်ကို အိမ်နီးချင်းနှစ်နိုင်ငံက လက်မှတ်ရေးထိုးသင့်ပြီဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာ စီနာက ပြောကြားခဲ့သည်။

ကူရှီယာရမြစ်ရေ မျှဝေခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာသည် အာသံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆယ်လ် ဟက်ပြည်နယ်မှ ပြည်သူများအတွက် အကျိုးကျေးဇူးရှိစေမည်ဖြစ်သည်။

"ဒီနေ့ ကူရှီယာရမြစ်ရေ မျှဝေခြင်းဆိုင်ရာ အရေးကြီးတဲ့ သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးပါပြီ။ ဒါက အိန္ဒိယတောင်ပိုင်း အာသံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆယ်လ် ဟက်ဒေသတို့ကို အကျိုးများစေမှာပါ" ဟု ဟိုက်ဒရာဘတ်အိမ်တော်၌ ပြုလုပ်သည့် ပူးတွဲ မီဒီယာ အပြန်အလှန်မေးမြန်းခန်းအပြီးတွင် မိုဒီက ပြောကြားခဲ့ သည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြတ်သွားသော မြစ်များသည် နှစ်နိုင်ငံစလုံးမှ ပြည်သူများ၏ စားဝတ်နေရေး နှင့် ဆက်စပ်နေကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

“ဒီမြစ်တွေ၊ မြစ်တွေအကြောင်း ရိုးရာပုံပြင်တွေ၊ ရိုးရာသီချင်းတွေက ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအမွေ အနှစ်တွေကို သက်သေခံနေပါတယ်” ဟု မိုဒီက ပြောကြားခဲ့သည်။

ရှိတ်ခ်ဟာစီနာက အခြားသောမြစ်များအတွက်လည်း ယင်းကဲ့သို့ သဘောတူညီချက်များ ပိုမိုရရှိရန် လိုအပ်ကြောင်းကိုလည်း အလေးပေးပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly